Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊မန္တလေး နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်တွေက Election Not Demo (ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်) စာသားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်-ပရိမ္မ လမ်းမပေါ် နေရာတွေမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ဆန့်ကျင်ကြဖို့၊ မပူးပေါင်းကြဖို့၊ နိုင်ငံသား အခွင့်အရေးကို တန်ဖိုးထားကာကွယ်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစတာဆိုင်းဘုတ်တွေ စိုက်ထူဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုကိုမြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ခရိုင် ၊မြို့နယ်ပသုံးလုံးတာဝန်ခံကြီးတွေ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာလည်း ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာသပိတ်ကော်မတီတို့မှ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ရွာပေါင်းစုံသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။