Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း KNU တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ ဆန္ဒပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်လု့ KNU မြိတ်ထားဝယ်ခရိုင်နဲ့ Karen Youth Organization က ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU - Mergui-Tavoy District

ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်လု့ KNU မြိတ်ထားဝယ်ခရိုင်နဲ့ Karen Youth Organization က ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ထီးမိုပွာဒေသ၊ ကစယ်ဒိုဒေသက ကရင်လူငယ်တွေနဲ့ လယ်ဒိုစိုးဒေသက ကရင်လူငယ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲ ဆန္ဒထုတ်ဖော်မပြု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ အကြမ်းဖက်လူသတ်စစ်ဖိနပ်အောက်မှာ တရားမျှတသောရွေးကောက်ပွဲ လုံး၀မရှိပါ၊ သင့်မဲနဲ့ လူသတ်ခွင့်မပေးနဲ့ သမိုင်းတရားခံ မဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ စတဲ့စာတွေရေးသားဖော်ပြ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်၊ အကြမ်းဖက်မှုအတွက် မဲမပေးဘူး၊ စစ်တပ်တွေအတွက် နေရာမရှိဘူး၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ စသည့် စာသားတွေ ရေးသား ဖော်ပြဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီမိုကရေစီ ဆိုတာ သေနတ်အောက်မှာ မကြီးထွားနိုင်ဘူးလို့ ကရင်လူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြသလို မင်းအောင်လှိုင်က အနာဂတ်တွေ မဲတွေ အသက်တွေကို ခိုးတယ်ဆိုပြီးလည်း စာရေးသားဖော်ပြ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

KNU ဗဟိုနဲ့ ခရိုင်အသီးသီးဟာ စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံကြောင်း လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်ခဲ့သလို လူထုတွေ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့လည်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။