Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မြို့နယ်မှာ ညစဉ် ပြည်သူတွေကို ကင်းစောင့်ခိုင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ရပ်ကွက်အလိုက်ကင်းစောင့်ခိုင်းကာ မစောင့်နိုင်တဲ့ အိမ်တွေက တလ ၁၅၀၀၀ကျပ် လုံခြုံရေးကြေးပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညဘက် ကင်းစောင့်နေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ ရှိန်း/ People’s Spring

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ရပ်ကွက်အလိုက်ကင်းစောင့်ခိုင်းကာ မစောင့်နိုင်တဲ့ အိမ်တွေက တလ ၁၅၀၀၀ကျပ် လုံခြုံရေးကြေးပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညဘက် ကင်းစောင့်နေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာ ရပ်ကွက်လုံခြုံရေးဆိုပြီး တညတဖွဲ့ အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ကင်းစောင့်ရတာလို့သိရပါတယ်။

တညကို ၇ဦးကနေ ၁၀ဦးအထိ ဖွဲ့ထားတဲ့အဖွဲ့ တွေက ညစဉ် ဆရပ်ကွက်ဈေးမှာ ကင်းစောင့် ပေးရတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတွေ စောင့်ကြတာပိုများတယ်။ အလှည့်ကျနဲ့ စောင့်ရတာ။ မစောင့်ချင်တဲ့အိမ် တွေက ပိုက်ဆံ ပေးရတယ်။အဲဒီပိုက်ဆံယူပြီး ဒီလူတွေက ကင်းပြန်စောင့်ပေါ့။အဲ့လိုလုပ်ရတာ” လို့ ရပ်ကွက်နေပြည်သူတဦး ကပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ ပေါက်ကိုယ်တော်ဦး ဆောင်တဲ့ ပျူစောထီးအဖွဲ့၊ ယူနီဖောင်းအပြာဝတ် ရပ်ကွက်လုံခြုံရေးအဖွဲ့တွေ ရှိတဲ့အပြင် ပြည်သူတွေကိုပါ ညစဉ်ကင်း စောင့်ခိုင်းနေတာပါ။

ပြည်ကြီးတံခွန်မြို့နယ်က ဆရပ်ကွက်နဲ့ စလုံး ရပ်ကွက်တို့ဟာ အရင်က မကြာခဏ ဗုံးပေါက်ကွဲမှုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံထားရတဲ့မြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ်ကစပြီး ပျူစောထီး အားကောင်းတဲ့ မြို့နယ်တွေဖြစ်လာပြီး ပေါက်ကိုယ်တော်နဲ့ တပည့်စံရှား ဦးဆောင်တဲ့ ပျူစောထီးတွေစိုးမိုးထားတဲ့ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သတင်း

အဲဒီရွှေဆိုင်ဟာ ၆၂ လမ်း ၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားမှာရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၂ဦး သေနတ်အတိုနဲ့ ဓားပြဝင်တိုက်သွားတာလို့ သိရပါတယ်။

သတင်း

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း ၅၃ လမ်းနှင့် ၅၄ လမ်းကြားနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းဟန်အား ယနေ့ ဧပြီ ၃ ရက်မနက်ပိုင်းတွင် တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။