Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်း ထောင်နဲ့ချီတဲ့ကရင်ပြည်သူတွေ ချီတက်ဆန္ဒပြ

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြီး မြို့နယ် သုံးခုမှာ ထောင်နဲ့ချီတဲ့ ကရင်ပြည်သူတွေက ဒီကနေ့ ဒီကနေ့ ဒိဇင်ဘာ ၂၈ရက်မှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ - KYO

“တိုင်းပြည်အာဏာကို ဓါးပြတိုက်သိမ်းယူသည့် သောင်းကျန်းသူစစ်အုပ်စုအလိုမရှိ “လို့​စာရေးသား ဆန္ဒပြထုတ်​ဖော်

ဒီဇင်ဘာ-၂၈၊၂၀၂၅/People’s Spring

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြီး မြို့နယ် သုံးခုမှာ ထောင်နဲ့ချီတဲ့ ကရင်ပြည်သူတွေက ဒီကနေ့ ဒီကနေ့ ဒိဇင်ဘာ ၂၈ရက်မှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ အင်အားထောင်နဲ့ချီတဲ့ ပြည်သူတွေက စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“တိုင်းပြည်အာဏာကို ဓါးပြတိုက်သိမ်းယူသည့်

​သောင်းကျန်းသူစစ်အုပ်စုအလိုမရှိ “လို့​ရေးထားတဲဲ့ဆိုင်းဘုတ်​တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွံမှာ ဒေသခံပြည်သူလူထု ၄၀၀၀ ခန့်တက်ရောက်ပြီး ဆိုင်ကယ်တွေ၊ ကားတွေနဲ့အပြင် ခြေလျင်နဲ့လည်း ချီတက်ဆန္ဒပြခဲ့ကြတာလို့ ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် ဘူးသိုမြို့နယ်မှာလည်း ဒေသခံပြည်သူ တစ်ထောင်ခန့် တက်ရောက်ဆန္ဒပြခဲ့တာလို့ ကရင်လူငယ်အစည်းအရုံးက ဆိုပါတယ်။

ဒါ့အပြင် သထုံမြို့နယ်မှာလည်း ဒေသခံပြည်သူ ၂၅၀၀ခန့်က ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ချီတက်ခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။

နှစ်ပေါင်း (၇၀)ကျော် လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အာဏာသိမ်း သောင်းကျန်းသူ စစ်အုပ်စုအဆက်ဆက်ဟာ ၎င်းတို့ရဲ့ အာဏာ သက်ဆိုးရှင်ရေးအတွက် နဲ့ လူမျိုးပေါင်းစုံပြည်သူလူထုတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုနဲ့ အတူ တော်လှန်တိုက်ဖျက်သွားမယ်လို့ ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။