Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ အလွန်မှာလည်း တော်လှန်ရေးဆက်ဆင်နွှဲမယ်လို့ NUCCနဲ့ NUG ကြေညာ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ စုဖွဲ့ထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက စစ်ကောင်စီ ဒီကနေ့ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းအသိပေး ကြေညာခဲ့ပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊အထူးစစ်ဆင်​ရေးတပ်ဖွဲ့(SOF) မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-SOF

■နိုင်ငံတကာကလည်း စစ်တပ်ရွေးကောက်ပွဲနဲ့ ရလဒ်တွေကို အသိအမှတ်မပြုဖို့ တိုက်တွန်း

ဒီဇင်ဘာ-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ စုဖွဲ့ထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက စစ်ကောင်စီ ဒီကနေ့ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းအသိပေး ကြေညာခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပအင်အားစုများ၊ ပြည်သူလူထုများ အသိအမှတ်ပြုပါဝင်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည်သာ တရားဝင်ရွေးကောက်ပွဲရလဒ်ဖြစ်ပြီးမတရားအာဏာသိမ်းထားတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက်မဟုတ်သလို တိုင်းရင်းသားပြည်သူလူထုမျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို လုံးဝရရှိနိုင်မည်မဟုတ်ကြောင်း ဖော်ပြပြီး တော်လှန်ရေးရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း (၁) နဲ့ (၂) ၊ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးကို ဆက်လက် ဆင်နွှဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း တော်လှန်ရေး အင်အားစုများ အနေနဲ့ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်း အား အဆုံးသတ်ဖို့ အပါအဝင် ရည်မှန်းချပ် ၆ရပ်ရတဲ့အထိ ဆက်တိုက်ပွဲဝင်မယ်လို့ ကြေညာပါတယ်။

စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာ အဆုံးသတ်ဖို့။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲါကို အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းဖို့၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ဖို့၊ မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ စတဲ့ ရည်မှန်းချက် ၆ရက်ကို ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ယနေ့ စတင်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တာမပြုဖို့ ဝိုင်းဆန့်ကျင်ဖို့ NUCCနဲ့ NUGက ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအား အသိအမှတ်မပြုတဲ့ သဘောထားအား အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲဆက်လက်ရပ်တည်ပေးကြဖို့ နဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်တွေကိုလည်း အသိအမှတ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။