Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်းအ​ခြေစိုက်လပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့အပစ်ခံရ

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

လပခစစ်ဌာနချုပ်ရှိရာ မန္တ​လေးနန်းတွင်းကျုံးမြို့ရိုး စစ်ကိုင်းငလျင်​ကြောင့်ပျက်စီးခဲ့ပြီး​နောက်စစ်တပ်က ဧပြီလဆန်းမှာအမြန်ပြန်လည်ပြင်ဆင်ခဲ့စဥ်။ဓါတ်ပုံ-CJ

ဒီဇင်ဘာ-၂၈၊၂၀၂၅။ရှိန်း၊ဆိုင်းမင်း/People’s Spring

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီမနက် အစောပိုင်း ၁ နာရီခွဲခန့်မှာ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တာဖြစ်ပြီး နန်းတွင်းအနီး အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ်ထဲ ရှော့တိုက်ဒုံးကျတာကြောင့် အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ​ဒေသခံအချို့နဲ့ စစ်တပ်ခန့် မန္တ​လေးတိုင်းဝန်ကြီးချုပ်က​ပြောပါတယ်။

” လူမနေတဲ့အိမ်ပေါ်ကျတာ ဘေးအိမ်က လင်မယား ထိသွားတာ” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၃၂ နှစ်အရွယ်မောင်ဖြိုးကိုကိုနဲ့ ဇနီးဖြစ်သူ အသက် ၃၈ နှစ်အရွယ်မထားထားဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။အမျိုးသားဖြစ်သူက လက်မှာ ရှပ်ထိဒဏ်ရာရခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ခြေကျင်းဝတ်ပြတ်ခဲ့ပြီးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ခန့်ထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကလည်းစစ်တပ်လက်​အောက်ခံမီဒီယာ​​တွေကို”စစ်ကိုင်းဘက်ကလုပ်တာပေါ့ နော်။ရှော့တိုက်ဒုံး လေးလုံးမှာ သုံးလုံးက ကျုံးထဲကျတော့ အထိခိုက်မရှိဘူး။တလုံးက တော့အထဲမှာ ကျတဲ့အတွက် နှစ်ယောက်ထိတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုပါတယ်။

ဒေသခံ​တွေက​​တော့ နန်းတွင်းထဲ လက်နက်ကြီးကျပြီး​ပေါက်ကွဲသံ​တွေကြားရတယ်လို့​ပြောပါတယ်။စစ်တပ်က ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လို့ ထိခိုက်ရင်လည်းအမြဲသတင်းအ​မှောင်ချထား​လေ့ရှိပါတယ်။

လပခကိုရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရပြီး၄၅မိနစ်ခန့်အကြာမှာ နန်းတွင်းနဲ့ မတ္တရာမြို့တွင်းတပ် တွေက နေ စစ်ကိုင်းတိုင်း၊မင်းဝံတောင်ရိုးဘက်ကို လက်နက်ကြီးတွေ ဟောင်ဝစ်ဆာ တွေနဲ့ပစ်ခတ်တာ တွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မန္တ​လေးနန်းတွင်းမှာရှိတဲ့ လပခ ကို​တော်လှန်​ရေးတပ်​တွေက ​ရှော့တိုက်ဒုံး​တွေနဲ့ မကြာခဏပစ်ခတ်တိုက်ခိုက်​လေ့ရှိပါတယ် ။

ဒီနေ့ကျင်းပတဲ့စစ်တပ်ရွေးကောက်ပွဲအပိုင်း(၁)မှာမန္တလေးတိုင်းက ရှစ်မြို့နယ် ပါဝင်ပြီး ကျောက်ဆည် ၊ညောင်ဦး ၊ပြင်ဦးလွင် ၊ ချမ်းအေးသာစံ ၊ မိတ္ထီလာ ၊ပျော်ဘွယ် ၊ရမည်းသင်းနဲ့ အောင်မြေသာစံမြို့နယ်တို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။