Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ရွေးကောက်ပွဲ လူထုလက်မခံဟု PNFC ဥက္ကဋ္ဌပြော

အာဏာသိမ်းစစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်းပြရုံသာဖြစ်လို့ ပြည်သူလူထု က လက်ခံမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဖြစ်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (NUCC-NUG) တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လူထုအားနဲ့ဆန့်ကျင်ကြဖို့အတွက် ဒေသခံတွေနဲ့ပူးပေါင်းပြီး ဒီဇင်ဘာ ၂၇ ရက်က ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဒီဇင်ဘာ ၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်းပြရုံသာဖြစ်လို့ ပြည်သူလူထု က လက်ခံမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဖြစ်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (NUCC-NUG) တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီကနေ့မှာ စတင်ကျင်းပတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်ဖြစ်လာမလား၊ ဒါမှမဟုတ် ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခတွေကိုပဲ ဖန်တီးမလားဆိုတာကို ဆွေးနွေးရာမှာ ခွန်မြင့်ထွန်းက အခုလို ပြောကြားခဲ့တာပါ။

စစ်တပ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပလက်ဖောင်းရအောင်လုပ်ပါတယ်ဆိုတဲ့ သူတွေကိုယ်တိုင် စစ်တပ်ခိုင်းသမျှ လုပ်ပေးနေသူတွေကိုယ်တိုင် ကြိတ်ခံနေရကြောင်းလည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်ဆိုးကို ဆက်လက်အကောင်အထည်ဖော်ရေးမှာ စစ်တပ်က အနိုင်ရရေးသာ လုပ်ဆောင်နေခြင်းဖြစ်လို့ စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပြီး နိုင်ငံရေးပလက်ဖောင်းရအောင်လုပ်နေပါတယ်ဆိုတဲ့ သူတွေနဲ့ စစ်တပ်ခိုင်းသမျှ လုပ်ပေးနေသူတွေကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ကြိတ်ခံနေကြရတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။ မနေ့တနေ့ကမှ ယူနီဖောင်းချွတ်တဲ့သူတွေက ကြံခိုင်ရေးပါတီမှာ ဝင်ပြိုင်ကြတဲ့ဖြစ်ရပ်ကို ဥပမာပေးပါတယ်။

အခု စစ်အာဏာရှင်တွေ လုပ်ဆောင်နေတဲ့ ပုံစံဟာ အနာဂတ်မှာ စစ်တပ်က အထဲရော အပြင်ရောညှပ်ပြီး လွှမ်းမိုးထားတဲ့ အတုအယောင်လွှတ်တော် ပေါ်လာဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

တဖက်မှာ လူထုနွေဦးတော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်က စနစ်ပြောင်းလဲရေးဖြစ်လို့ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ ကျင်းပရုံ၊ အစိုးရ တွင်းမှာ အပြောင်းအလဲတွေ လုပ်ပြရုံနဲ့ ဖွဲ့စည်းပုံလေးပြင်ပြရုံစတဲ့ စစ်အာဏာရှင်စနစ်ဆိုး မိတ်ကပ်လိမ်းပြရုံကို လူထုကလက်မခံဟု ခွန်မြင့်ထွန်းက ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေက လက်မခံတော့ဘူး။ ဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်း ပန်းပန်တဲ့ လုပ်ငန်းစဉ် ထဲမှာ ရသမျှ စေတနာနဲ့ ပလက်ဖောင်းလေးရအောင် ဖော်ဆောင်မယ့် နိုင်ငံရေးပါတီတွေလည်း အဖြည့်ခံနဲ့ ဒုက္ခရောက်နေတာဖြစ်ပါတယ်။” လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ဗမာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ တိုင်းပြည်ဟာ ဆက်လက်ပျက်စီးနေမှာ ဖြစ်လို့ စစ်အာဏာရှင်စနစ်ဆိုးကို ပြတ်သားစွာ အနိုင်ယူနိုင်ဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ(NUCC-NUG) တာဝန်ရှိသူတဦးဖြစ်တဲ့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဦးအောင်အောင်ကလည်း ပြစ်မှုကျူးလွန်ထားသူတွေ လုပ်တဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုမှ အဆင်မပြေနိုင်သလို အခု စစ်တပ်လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအရ သူတို့ မလိုချင်တဲ့ ရလဒ်မရှိဘဲ စစ်တပ်နိုင်ငံရေးမှာ ဆက်ပါဖို့ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

လူထုဆန့်ကျင်လည်း လုပ်မှာပဲ ဆိုတဲ့ စစ်တပ်ရွေးကောက်ပွဲဟာအပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့အတွက် အတုအယောင် ဟန်ပြလုပ်ရပ်သာ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန် ပြောဆိုထားပြီး လက်ရှိ မြန်မာ့အရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် ပဋိပက္ခတွေ ပိုမို ဖြစ်ပေါ်လာစေနိုင်ကြောင်း သတိပေးထားပါတယ်။ဒါ့အပြင် စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း နည်းမျိုးစုံနဲ့ ဆောင်ရွက်နေပြီး ပြည်သူတွေကလည်း စစ်တပ်ရွေးကောက်ပွဲလက်မခံကြောင်း ဆန္ဒထုတ်ဖော်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။