Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာ ပါဝင်မယ်လို့ ကိုရီးယားရောက်မြန်မာတွေ ကတိပြု

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။

ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ သတိုး/People’s Spring

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။

“ကိုရီးယားနိုင်ငံနေ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံသားအားလုံး၏ ဆန္ဒနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညီညွတ်စွာ လက်တွဲလျက်၊ တော်လှန်ရေးအလံကို မြဲမြံစွာ ဆုပ်ကိုင်လျက်၊ တော်လှန်ရေးတာဝန်ကို ဆထက်ထမ်းပိုးတိုး၍ ထမ်းဆောင်ပါဝင်ကြမည်”လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီမှာ ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားနိုင်ငံက တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ က စစ်တပ် ရွေးကောက်ပွဲပြုလုပ်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကိုရီးယားနိုင်ငံက စစ်ကောင်စီသံရုံးရှေ့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ပြည်သူ ၂၅၀ ခန့်ပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ရှိနေသမျှ လူထုတော်လှန်ရေး ဆက်ရှိနေမှာ ဖြစ်တာကြောင့် အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်ကြဖို့တိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီအနေနဲ့လည်း အွန်လိုင်းဆွေးနွေးပွဲတွေ စစ်တမ်းကောက်ယူမှုတွေကို ဆက်တိုက် ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ကော်မတီ ပူးတွဲ ဥက္ကဌ ဦးဝင်းပေါ်မောင်က ကိုရီးယားရောက်မြန်မာတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထောင်ချီ‌ ပေးခဲ့ပေမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို မဲပေးသူမရှိခဲ့ကြောင်း နဲ့ တစ်ကမ္ဘာလုံးက ရှုတ်ချထားတဲ့ အရှက်မဲ့တဲ့ ရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံအတွက်ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီခွဲကနေ ညနေ ၃နာရီခွဲ အထိပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ ကြွေးကြော်သံတွေနဲ့ ပိတ်သိမ်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။