Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦး​ထောင်မှာခရစ္စမတ်ဆု​တောင်းတဲ့ နိုင်ငံ​ရေးအကျဥ်းသူ​တွေကို အာဏာပိုင်​တွေကရိုက်နှက်ပြီး ၁၅ ဦးကိုတိုက်ပိတ်ထား

ဒိုက်ဦးအကျဉ်းထောင်တွင်းမှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို ဒုထောင်ပိုင်က ဦးဆောင်ပြီး ရိုက်နှက်လို့ ဒဏ်ရာရသူတွေရှိခဲ့သလို အကျဉ်းသူ (၁၅)ဦးကိုလည်း တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်သူတွေက​ထုတ်ပြန်ပါတယ်။

ဒိုက်ဦး​ထောင်ကို​တွေ့ရစဥ်(ပုံ​ဟောင်း)။ ဓါတ်ပုံ-CJ

​”ဒိုက်ဦးထောင်ထဲမှာအခြေအနေတော်တော်ဆိုးဆ်ိုးကိုရင်ဆိုင်ခဲ့ရဖူးတယ်။ အဆိုးဆုံးကတော့ ထောင်ပိုင်တွေက ရာဇဝတ်အကျဉ်းသားတွေနဲ့အတူ အမျိုးသမီးတွေကို ထိကပါးရိကပါးလုပ်နေတာ”

— နိုင်ကျဥ်း​ဟောင်းတဦး

ဒီဇင်ဘာ-၂၈၊၂၀၂၅။အိမ်သွင်/People’s Spring

ဒိုက်ဦးအကျဉ်းထောင်တွင်းမှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို ဒုထောင်ပိုင်က ဦးဆောင်ပြီး ရိုက်နှက်လို့ ဒဏ်ရာရသူတွေရှိခဲ့သလို အကျဉ်းသူ (၁၅)ဦးကိုလည်း တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်သူတွေက​ထုတ်ပြန်ပါတယ်။

ပြီခဲ့တဲ့ခရစ္စမတ်နေ့(ဒီဇင်ဘာလ၂၅ရက်)ဒိုက်ဦးထောင်အမျိုးသမီးဆောင်မှာ ခရစ္စမတ် ဆုတောင်းကြစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ ၃ပွင့်အရာရှိ ဇင်မာကြည်အောင်နဲ့ အကျဉ်းသားအချို့က ဝင်ရောက်ရိုက်နှက်ခဲ့ကြတာလို့ PPNM နဲ့ နိုင်ကျဉ်းအရေး ဆောင်ရွက်သူတွေကဒီဇင်ဘာလ၂၉ရက်မှာသတင်းထုတ်ပြန်တာပါ။

ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူတချို့ ထိခိုက်ဒဏ်ရာ​တွေရရှိခဲ့ပါတယ်။ဒါ့အပြင်အကျဉ်းသူ (၁၅)ဦးကိုတိုက်ပိတ်ထားသလိုထောင်ဝင်စာလည်း ပိတ်ထားတယ်လို့ ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဒိုက်ဦးထောင်ထဲမှာဆေးဝါးစောင့်ရှောက်မှု မလုံလောက်မှုကြောင့် အရေးပေါ် ဆေးကုသမှုခံယူနိုင်ဖို့အတွက်နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားတွေက ကိုယ်ထူကိုယ်ထ စု​ဆောင်းထားတဲ့ ဆေးပဒေသာပင်(တန်ဖိုး သိန်း ၃ဝ ကျပ်ခန့်)ကိုလည်း ထောင်အာဏာပိုင်တွေက သိမ်းယူသွားတယ်လို့ အသိပေးထားပါတယ်။

ဆေးဝါးလုံလောက်စွာပေးဖို့တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားတွေကိုဒုထောင်ပိုင် ဟိန်းဇင်အောင်ကလေးဘက်ထောက်ခိုင်းပြီး ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒုထောင်ပိုင်က နိုင်ငံရေးအကျဉ်းသားဘအကျဥ်းသူတွေကိုတစ်နေ့တစ်ယောက်မှ မနှိပ်စက်ရရင်နေသာထိုင်သာမရှိဘူးလို့ ခြိမ်းခြောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်နှင့်အမျှဆိုးဝါးစွာ ကျူးလွန်နေတယ်လို့ဆိုပါတယ်။

ဒိုက်ဦးထောင်ထဲမှာထောင်အာဏာပိုင်တွေက အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးတွေကိုယ်တိုင် ဖြန့်ဝေတာပြုလုပ်နေသလို နိုင်ကျဉ်းတွေက သုံးစွဲသယောင်နဲ့ ပုံရိပ်ကျဆင်းဖို့လုပ်နေကြောင်း၊နိုင်ကျဉ်းတွေဆီမှာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိတယ်ဆိုပြီး တဖက်သတ်စွပ်စွဲပြီး အကြောင်းမဲ့ တိုက်ပိတ်နှိပ်စက်မူ တွေကြောင့်ခြေထောက်နှစ်ချောင်း ပုတ်သွားရတဲ့ ဖြစ်ရပ်​တွေအထိရှိ​နေတယ်လို့လည်း ပါရှိပါတယ်။တချို့မှာ ကိုယ်လက်အင်္ဂါချို့ယွင်းပြီး သတိမေ့မြောတယ်အထိနှိပ်စက်ခံနေတယ်လို့PPNMက ထုတ်ပြန်ထားပါတယ်။

ဒုထောင်ပိုင် ဟိန်းဇင်အောင်က အခြားပြစ်မှုတွေနဲ့ထောင်ကျနေတဲ့အကျဥ်းသားတွေကို ခေါ်ဆောင်လာပြီး အမျိုးသမီးဆောင်အတွင်း မကြာခဏ ဝင်ရောက်နေတယ်လို့လည်းဖော်ပြထားပါတယ်။

“ဒိုက်ဦးထောင်ထဲမှာအခြေအနေတော်တော်ဆိုးဆ်ိုးကိုရင်ဆိုင်ခဲ့ရဖူးတယ်။ အဆိုးဆုံးကတော့ ထောင်ပိုင်တွေက ရာဇဝတ်အကျဉ်းသားတွေနဲ့အတူ အမျိုးသမီးတွေကို ထိကပါးရိကပါးလုပ်နေတာ” လို့ ဒိုက်ဦးထောင်ကနေ ၂၀၂၃ ခုနှစ်မှာ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဥ်းသူတစ်ဦးကလည်းပြောပါတယ်။

အမျိုးသမီးထောင်ဝန်ထမ်း​တွေပဲဝင်ရောက်ခွင့်ရှိတဲ့ အမျိုးသမီးဆောင်အတွင်းကို လူ့အခွင့်အရေးချိုးဖောက်မှု​တွေ ဆက်တိုက်ကျူးလွန်နေတဲ့ အမျိုးသားထောင်အာဏာပိုင်​တွေ ဝင်ရောက်နေတဲ့အတွက် ဒိုက်ဦးထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေရဲ့ လုံခြုံရေးအတွက် များစွာ စိုးရိမ်လျက်ရှိတယ်လို့PPNMနဲ့အတူ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA)၊မြန်မာ့အကျဉ်းထောင်သက်သေ (MPW)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်မှာလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲကိုလည်း ဒိုက်ဦးထောင်ထဲက အကျဥ်းသားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကစပြီး အင်းစိန်၊အိုးဘို၊သာယာဝတီ၊ပေါင်းတည်၊ ဒိုက်ဦး၊ကျိုက်မရောနဲ့ သရက်အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေတဲ့ ဒိုက်ဦးအကျဉ်းထောင်တွင်း အခြေအနေများကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စောင့်ကြည့်ပေးကြဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ထောင်အာဏာပိုင်တွေကို ဖိအားပေးဖို့လည်းတိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။