Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️သုံးရက်အတွင်း စစ်တပ်ကာကင်း ၅ခုသိမ်းရထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် လက်နက်တွေနဲ့ ဖမ်းမိထားဟု သတင်းရင်းမြစ်ပြော

ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ပါဝင်တဲ့ တပ်တွေက ကသာမြို့ထဲကို ဝင်ရောက်နိုင်ပြီး စစ်ကောင်စီရဲ့ ခမရ(၃၀၉)နဲ့ ခမရ(၁၀၆) တပ်ရင်းတွေ တပ်စွဲရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်နေတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စခ အရှင် ၅၀ ကျော်ဖမ်းမိထားတယ်။ ကာကင်း ၅ခုလောက်ရပြီ။ ၃ရက်အတွင်း။ လက်နက်ခဲယမ်းတွေလည်း ပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကသာမြို့မှာ စစ်ကောင်စီရဲ့ တပ်မ(၇၇) တပ်ဖွဲ့တွေအပြင် ရှမ်းနီ ပြည်သူ့စစ်တွေလည်းရှိနေပြီး စစ်အင်အား ၆၀၀ ကျော်ကျန်နေသေးတယ်လို့လည်း ပြောပြပါတယ်။

ကသာဒေသခံ အချို့ကလည်း PDF ပူးပေါင်းတပ်တွေ မနေ့က ဒီဇင်ဘာ ၂၉ရက်ကတည်းက မြို့ပေါ် ရပ်ကွက်တွေထဲ ဝင်ရောက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်းလူမှုကွန်ရက်မှာ ရေးသားတာတွေ တွေ့ရပါတယ်။ ကသာမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းတပ်တွေ ဝင်စီးထားကြောင်း ရေးသားချက်အချို့လည်း တွေ့ရပါတယ်။

ဒေသခံတွေကလည်း ကသာမြို့မှာတိုက်ပွဲဖြစ်သံတွေ ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကြားနေရကြောင်း လူမှုကွန်ရက်မှာ အချင်းချင်းအသိပေး ပြောဆိုတာတွေရှိပါတယ်။

မြို့ခံတွေ စစ်ရှောင်ဖို့ ကြိုးပမ်းနေပြီး ပိတ်မိနေတဲ့ အခြေအနေ ကြုံနေကြရတယ်လို့လည်းဆိုပါတယ်။ မနေ့ည က လေယာဉ်ဗုံးအလုံးများစွာ ကြဲချသလို ဒီကနေ့မှာလည်း လေယာဉ်ဗုံးကြဲတာ၊ လေယာဉ်ပျံဝဲတာတွေရှိနေကြောင်းလည်း ကသာဒေသခံတွေက အသိပေးပါတယ်။

စစ်ကောင်စီကလည်း KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့နဲ့ ကသာမြို့ကိုလေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်ခုခံတာ ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေကြောင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးနဲ့အတူ KIA ဟာ မြစ်ကြီးနား အခြေစိုက် စစ်ကောင်စီ လေတပ်ကိုလည်း အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၂၅ရက်က စစ်တပ်ရဲ့ ရဟတ်ယာဉ် ၁စီးနဲ့ တိုက်လေယာဉ် ၁စီး ထိခိုက်ခဲ့သလို ဒီဇင်ဘာ ၂၇ရက် အသေခံဒရုန်းတိုက်ခိုက်မှုမှာလည်း တိုက်လေယာဉ် ၁စီးထိခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သူတွေကတော့ မြစ်ကြီးနားက လေတပ် တိုက်ခိုက်ခံရတာကို ဝန်ခံထားပေမယ့် လေယာဉ် ထိခိုက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဗန်းမော်၊ ကသာတိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook