Connect with us

Hi, what are you looking for?

သတင်း

အသက်မပြည့်သူ အပါအဝင် စစ်ကောင်စီတပ်သား ၅ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ငါးဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)ထံ အလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က ဒီကနေ့ ဇန်နဝါရီ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

KNLA ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ဦး။ ဓာတ်ပုံ - KNU

ဇန်နဝါရီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ငါးဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)ထံ အလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က ဒီကနေ့ ဇန်နဝါရီ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၅၉၉)တပ်ရင်ါးက အသက်(၁၇)နှစ်အရွယ် တပ်သား အပါအဝင် တပ်သား ငါးဦးဟာ ဒီဇင်ဘာ ၂၉ရက်မှာ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

ငါးဦးလုံးဟာ မိမိဆန္ဒမပါပဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ခဲယမ်း ပါလာခြင်းရှိမရှိကို မေးမြန်းဖို့ KNU ညောင်လေးပင်ခရိုင်ကို ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာကလည်း KNLA တပ်ရင်း(၈)ဆီကို အခုလိုစစ်ကောင်စီတပ်သားတွေ အလင်းဝင်လာတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ဒီဇင်ဘာ ၂၁ရက်မှာ ခလရ(၇၅)တပ်ရင်းက တပ်သား ၃ဦး KNLA တပ်ရင်း(၈)ထံ အလင်းဝင်ခဲ့သလို ဒီဇင်ဘာ ၁၆ရက် ထုတ်ပြန်ချက်မှာလည်း ခလရ(၃၀)နဲ့ ခမရ(၄၃၉)တပ်ရင်း စစ်ကောင်စီတပ်တွေက တပ်သား ၅ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီတပ်သားတွေ အားလုံးဟာ စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်း စစ်မှုထမ်းစေခိုင်းခံရသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်အလင်းဝင်ကြဖို့ KNU က ထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ