Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်အုပ်စုယာဥ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၂ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး တိုက်ခိုက်ခံရာ အရာရှိအပါအဝင် ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ကားနဲ့ သိမ်းဆည်းရမိတဲ့လက်တက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-နတ်မောက်ပကဖ

ဇန်နဝါရီ-၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး တိုက်ခိုက်ခံရာ အရာရှိအပါအဝင် ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ကားနဲ့ သိမ်းဆည်းရမိတဲ့လက်တက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-နတ်မောက်ပကဖ

ဒီကနေ့ ဒီဇင်ဘာ ၂ ရက် မနက် ၇နာရီခန့်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ နတ်မောက်ပကဖ ရဲဘော်တွေ လမ်းပိုင်းစစ်ဆေးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး လိုက်ပါလာတဲ့ TOYOTA HILUX SURF ကားကို တားဆီးခဲ့ကြောင်း နတ်မောက်ပကဖက ပြောပါတယ်။

အဲဒီကားဟာ စစ်ဆေးမှုမခံဘဲ မောင်းပြေးလို့ လိုက်လံပစ်ခတ်ရာ ကားပေါ်ပါ စစ်ကောင်စီအရာရှိတစ်ဦးနဲ့ အခြားအဆင့်တစ်ဦးသေဆုံးကြောင်း နတ်မောက်ပကဖက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ ခရီးသွားပြည်သူတွေရဲ့ကားကို သေနတ်နဲ့ထောက်ပြီး ရွာမွန်ကျေးရွာဘက်ကို အလောင်းတွေတင်ကာ ထွက်ပြေးသွားတယ်လို့ နတ်မောက်ပကဖက တာဝန်ရှိသူက ပြောပါတယ်။

“အရာရှိအဆင့် မသိရပါဘူး။ ဦးထုပ်အရ အရာရှိလို့သိရတာပါ။ ဘေးဘယ်ညာကပစ်တာပါ။ ပြည်သူတွေရဲ့ကားကိုသေနတ်ထောက်ပြီး အလောင်းနဲ့ အရယူပြေးသွားတယ်”လို့ နတ်မောက်ပကဖက တာဝန်ရှိသူက ပြောပါတယ်။

အဲဒီကားပေါ်ကနေ MA3 သေနတ် ၂လက်၊ MA3ကျည်ဘောက် ၈ခုနဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်ပကဖက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ဒီဇင်ဘာ ၅ ရက် ညပိုင်းကလည်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ ကင်းလှည့်စစ်ကားနဲ့ နတ်မောက်ပကဖအဖွဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်သွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ