Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တပတ်လောက်နားထားတဲ့ စစ်တပ်စစ်ဆေးရေးအဖွဲ့ လမ်းပေါ်ပြန်တက်လာပြီး ငွေညှစ်နေ

မန္တလေးမြို့မှာ တပတ်ခန့် ရပ်နားထားတဲ့ စစ်ကောင်စီတပ်ရဲ့ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့ ဒီကနေ့(ဇန်နဝါရီ၂ရက်)မှာ လမ်းပေါ်ပြန်တက်လာပြီး ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ လမ်းတနေရာမှာ စစ်ကားများ လှည့်လည်သွားလာနေသည့် မြင်ကွင်း။ဓာတ်ပုံ - CJ

ဇန်နဝါရီ -၂၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ တပတ်ခန့် ရပ်နားထားတဲ့ စစ်ကောင်စီတပ်ရဲ့ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့ ဒီကနေ့(ဇန်နဝါရီ၂ရက်)မှာ လမ်းပေါ်ပြန်တက်လာပြီး ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ရွေးကောက်ပွဲရက်မတိုင်မီ ဒီဇင်ဘာ ၂၇ ရက်ကနေ ဇန်နဝါရီ ၁ ရက်လောက်အထိ မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေ နည်းပါးသွားခဲ့ရာမှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက်မှာတော့ ယခင်အတိုင်း ပြန်လည်စစ်ဆေးလာကြောင်း မြို့ခံတွေက ပြောပါတယ်။

“ နဂိုကမှ သူတို့က လူနည်းနေတာ။ မဲရုံတွေ လုံခြုံရေးယူနေရလို့ ခဏနားထားကြတာ။” လို့ မန္တလေးမြို့ပေါ်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ပြန်လည်စစ်ဆေးရာမှာတော့ မန္တလေးမြို့ပေါ်မှာ အဖွဲ့ ၈ဖွဲ့ထက်မနည်း ဖမ်းဆီးနေတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalayရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဖမ်းဆီးရာမှာလည်း ယခင်ကအတိုင်း မိုဘိုင်းဖုန်းတွေ၊ အိတ်တွေပါ စစ်ဆေးနေပြီး ကျပ်သိန်းချီအထိ ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က စစ်ကောင်စီစစ်ဆေးရေးအဖွဲ့တွေဟာ ဝင်ငွေကောင်းလွန်းတာကြောင့် စစ်မယ့်နေရာတွေကို လေလံကြေးနဲ့ပါ ခွဲဝေနေရကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ