Connect with us

Hi, what are you looking for?

သတင်း

လွှတ်တော်မှာ အမျိုးသမီးအိမ်သာတွေ တိုးချဲ့ပေးဖို့ အမျိုးသမီး အမတ်တွေနဲ့အတူ ဂျပန်ဝန်ကြီးချုပ် တောင်းဆို

လွှတ်တော်ထဲမှာ အမျိုးသမီး အိမ်သာတွေ တိုးပေးဖို့အတွက် အမျိုးသမီး လွှတ်တော် အမတ်တွေနဲ့အတူ ဂျပန် ဝန်ကြီးချုပ်က အတူတောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လွှတ်တော်ထဲမှာ အမျိုးသမီး အိမ်သာတွေ တိုးပေးဖို့အတွက် အမျိုးသမီး လွှတ်တော် အမတ်တွေနဲ့အတူ ဂျပန် ဝန်ကြီးချုပ်က အတူတောင်းဆိုခဲ့ပါတယ်။

ဂျပန် လွှတ်တော်မှာ အမျိုးသမီး အမတ်အရေအတွက် တိုးလာတဲ့အတွက် ရှိရင်းစွဲ အိမ်သာ အရေအတွက် မလောက်ငှတော့ဘဲ အကြာကြီး တန်းစီ စောင့်ကြရတယ်လို့ နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသူ စနအဲ တကအိချိက ပြောပါတယ်။

အစဉ်အလာအရ အမျိုးသားတွေပဲ လွှမ်းမိုးခဲ့တဲ့ ဂျပန် အောက်လွှတ်တော်ထဲမှာ အမျိုးသမီးတွေအတွက် အိမ်သာအခန်း နှစ်ခုသာ ရှိပါတယ်။ လက်ရှိမှာ အောက်လွှတ်တော်ထဲမှာ အမျိုးသမီး အမတ် ၇၃ ဦးထိ ရှိနေပါတယ်။

တိုကျိုမြို့တော်ထဲက လွှတ်တော် အဆောက်အအုံမှာ အမျိုးသမီး အိမ်သာအရေအတွက် တိုးချဲ့ပေးဖို့ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အမျိုးသမီး အမတ်တွေက စုပေါင်းပြီး တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အမတ် ၅၈ ဦးက စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ တရားဝင် တောင်းဆိုမှုကို ဝန်ကြီးချုပ် တကအိချိကပါ ထောက်ခံ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပင်မ ညီလာခံ ကျင်းပရာ ခန်းမကနေ လှမ်းကြည့်ရင် အမျိုးသမီး အိမ်သာရှေ့မှာ အမျိုးသမီးတွေ တန်းစီပြီး စောင့်နေကြတာကို မြင်ရလေ့ ရှိတယ်လို့ အမျိုးသမီး အမတ်တစ်ဦးဖြစ်တဲ့ ယာဆူကို ကိုမီယာနာက ပြောပါတယ်။

ဂျပန်ဟာ အစဉ်အလာအရ ကွန်ဆာဗေးတစ်ဆန်ပြီး ပါတီနှစ်ခုစလုံးနဲ့ အလုပ်ခွင်တွေမှာ အမျိုးသားတွေသာ ကြီးစိုးထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကတော့ ဂျပန် နိုင်ငံရေးမှာ သမိုင်းဝင် အလှည့်အပြောင်း တစ်ခုအဖြစ် တကအိချိက ပထမဆုံးအကြိမ် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာပြီး အောက်လွှတ်တော်မှာလည်း အမျိုးသမီး အမတ်ဦးရေက ၇၃ ဦးထိ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အရေအတွက်ကတောင် အောက်လွှတ်တော်ရဲ့ ၁၆ ရာခိုင်နှုန်းစာ ခွဲတမ်းသာ ရှိပါတယ်။

အောက်လွှတ်တော် အမျိုးသမီး အမတ်တွေကတော့ အိမ်သာ မလုံလောက်မှု ပြဿနာဟာ လွှတ်တော်ဆိုင်ရာ ကြားနာမှုတွေနဲ့ အမတ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက် ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း ဝေဖန်ထောက်ပြထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ