Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကနေ စစ်ကြောင်းထွက်လာလို့ ဒေသခံတွေလုံခြုံရေးသတိပေး

ဖားကန့်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် မကြာခဏပစ်ခတ်ပြီးတဲ့နောက် ဒီနေ့ မနက်စောပိုင်းကစပြီး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပါတယ်။

၂၀၂၅ မိုးရာသီမှာ ဖားကန့်ကို အာဏာသိမ်းစစ်တပ်စစ်​ကြောင်းထိုးလာစဥ်။ဓါတ်ပုံ-CJ

ဇန်နဝါရီ-၂၊၂၀၂၅။အိမ်သွင်/People’s Spring

ဖားကန့်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် မကြာခဏပစ်ခတ်ပြီးတဲ့နောက် ဒီနေ့ မနက်စောပိုင်းကစပြီး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပါတယ်။

ဇန်နဝါရီလ၂ရက်မနက်အစောပိုင်းမှာ ဖားကန့်ဗျူဟာကနေ အင်အား၅၀ထက်မနည်းရှိတဲ့စစ်တပ်စစ်ကြောင်း ထွက်လာတာဖြစ်ပါတယ်။

“လက်နက်အကြီးအသေးအစုံပါတယ်။အင်အားလည်း၅၀ကျော်တယ်။ဘယ်ဘက်ကိုဦးတည်မလဲဆိုတာစောင့်ကြည့်နေကြရတယ်”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းဟာ မော်စီဆာနဲ့လုံးခင်းဘက်ကို ဦးတည်နိုင်သလိုအမှိုက်ပုံရွာ၊ ဖြူစင်ကုန်း၊ အောင်သာယာဘက်ကိုလည်း ဝင်ရောက်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“နေ့တိုင်းနေ့တိုင်းမှာကလက်နက်ကြီးနဲ့လေကြောင်းရန်ကိုသတိပြုရတယ်။ စစ်ကြောင်းထွက်လာပြီဆိုရင်တော့ရှောင်ရ ၊တိမ်းရတဲ့အခြေအနေ။ လမ်းမှာပက်ပင်းတိုးရင်ဖမ်းဆီးခံရတာတွေပစ်ခတ်ခံရတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီစစ်ကြောင်းမှာအရပ်ဝတ်နဲ့တွေလည်းပါတယ်လို့ ဒီကပါတယ်။အရပ်ဝတ်တွေနဲ့ လှုပ်ရှားနေတဲ့စစ်တပ် စစ်ကြောင်းတွေကို သတိပြုကြဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။

စစ်တပ် စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ နဲ့ ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။သူတို့ကမူးယစ်ဆေးသုံးပြီးဆေးကြောင်နေချိန်မှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တဲ့ ဖြစ်စဉ်တွေလည်း ယခင်ကရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာလမှာ စစ်တပ်က လမ်းသွားလမ်းလာတွေကို သေနတ်နဲ့ လိုက်ပစ်လို့ အမျိုးသမီးအချို့အပါအဝင် ဒေသခံငါးဦး သေဆုံးခဲ့ဖူးပါတယ်။

၂၀၂၅ဇွန်လဆန်းနဲ့ဩဂုတ်လဆန်းကစပြီးဖားကန့်ကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာခဲ့တာပါ။စစ်​ကြောင်းဝင်လာချိန် တိုက်ပွဲ​တွေဖြစ်ခဲ့ပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေ အင်အားတိုးအထိုင်ချပြီးလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့်အရပ်သားသေဆုံးသူဦးရေ ၁၀၀ခန့်ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်သိန်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကသတိပေးထားပါတယ်။

နှစ်သစ်ကူးည (ဒီဇင်ဘာလ၃၁ရက်နေ့ည)က ဖားကန့်ဗျူဟာကုန်းကနေ တက်လာတဲ့ ဒရုန်းနဲ ဗုံးကြဲလို့ စမ်းသီတာကုန်းရပ်ကွက်မှာ ​ဒေသခံပြည်သူနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ