Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ မိသားစုလိုက် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မဲသည်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင် ၃ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တချို့ကို တွေ့ရစဉ်

ဇန်နဝါရီ-၃၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မဲသည်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင် ၃ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂ရက် မနေ့ညပိုင်း ၁၀နာရီကျော်မှာ မဲသည်ရွာလယ်ခေါင်က နေအိမ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာမို့ ကိုမင်းဌေး၊ မဖြူသီးနဲ့ သား မောင်ပိုင်ဇေတို့ မိသားစုလိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် အမျိုးသား ၅ဦးနဲ့ အမျိုးသမီး၂ဦး တို့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ တိုက်ပွဲမရှိဘဲ ရွာအလယ် တည့်တည့်ကို လာချသွားတာ။ ရော့ကတ်နဲ့လည်းပစ်သွားတယ်။ တိရိစ္ဆာန်တွေလည်းသေတယ်။ နေအိမ်က ပျက်စီး ၈လုံးရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခံရပြီးနောက် ဒေသခံရွာသူ၊ ရွာသားတွေဟာ ထပ်မံလေကြောင်းတိုက်မှာကို စိုးရိမ်ပြီး ရွာအပြင် ထွက်နေကြတယ်လို့ သိရပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီး မနေ့ကပဲ အင်းတော်မြို့နယ် မော်လူးဒေသကို ဗုံးကြဲခဲ့တာမို့ ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ