Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်ယာဉ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း စစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ပဲခူးတိုင်း စစ်ဌာန

ဇန်နဝါရီ ၂၊ ၂၀၂၆၊ ဟန်နွေ/People’s Spring

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ပေါင်းတလည်မြို့နယ်ကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်ကို ပေါက်ခေါင်းမြို့နယ် ကန်စုကျေးရွာ အနောက်ဘက် ကျောင်းအနီးမှာ ဇန်နဝါရီ ၂ရက် နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ၂ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ဗျူဟာ (၂၁) ကွပ်ကဲမှုလက်အောက်ရှိ ပြည်ခရိုင် အမှတ် (၁) ၊ ၃၆၀၁ တပ်ရင်း တပ်ခွဲ (၃)က ပြုလုပ်ခဲ့တာလို့ အသိပေးပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာသွားကြောင်းလည်း ဖော်ပြထားပါတယ်။ အဲဒီ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်း ကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ပဲခူးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေသာမက နေပြည်တော်တိုင်း စစ်ဌာနက တပ်ရင်းတွေနဲ့ ပူးပေါင်းပြီးလည်း စစ်ရေးဖော်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ