Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်မှာ Gasတန်းစီနေတဲ့ YBSကို အိမ်စီးကားဝင်တိုက်၊ လူ တစ်ဦးသေဆုံး

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ ‌တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။

အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို တိုက်ခံရမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - တွဲလက်လူမှုကူညီရေးအဖွဲ့

ဇန်နဝါရီ-၃၊ ၂၀၂၆။ ရောင်နီ/People’s spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ ‌တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။

အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို တိုက်ခံရမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့

ဒီနေ့ (ဇန်နဝါရီ ၃) မနက် ၃ နာရီလောက်မှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းမှတ်တိုင် မှာ Gas တန်းစီနေတဲ့ YBS-83 ယာဉ်ကို အိမ်စီးကားတစ်စီးက ‌နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ တွဲလက်လူမှူကူညီရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာလိုက်ပါလာသူ ငါးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူက ကားထဲမှာညပ်နေတာကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပေးခဲ့ပြီး တွဲလက်ကူညီရေးအဖွဲ့လူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပိုပေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၆ နှစ်ဆန်းမှာ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ