Connect with us

Hi, what are you looking for?

သတင်း

PDFတွေရဲ့ ပဲခူး၊ မကွေး၊ စစ်ကိုင်းဒေသထိုးစစ်တွေဟာ အားရစရာလို့ ချင်းညီနောင်ပြော

နှစ်သစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေရဲ့ ထိုးစစ်တွေဟာ အားရစရာဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောကြားလိုက်ပြီး စစ်ကောင်စီကို ထိရောက်အောင် တော်လှန်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတယ်လို့ မြင်ကြောင်း ပြောပါတယ်။

နှစ်သစ်ကူးရက်ပိုင်းအတွင်း မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်အပြီး ထုတ်ပြန်ထားတဲ့ မြင်ကွင်း။ ဓာတ်ပုံ - MOD

ဇန်နဝါရီ-၃၊၂၀၂၆။ထားမြတ်/People’s Spring

နှစ်သစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေရဲ့ ထိုးစစ်တွေဟာ အားရစရာဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောကြားလိုက်ပြီး စစ်ကောင်စီကို ထိရောက်အောင် တော်လှန်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတယ်လို့ မြင်ကြောင်း ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃ရက်မှာ ပြုလုပ်တဲ့ နှစ်သစ်ကြိုဆိုပွဲအခမ်းအနားမှာ ဆလိုင်းယောမာန်က အခုလို ပြောကြားခဲ့တာပါ။ ရှေ့ဆက်ပြီး ချင်းတပြည်နယ်လုံးစာ၊ တနိုင်ငံလုံးစာ မျှော်တွေးရမယ့် ကြည့်ရမယ့် ကာလဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု ဒီနှစ်သစ် လက်တွေ့မှာ တချို့တချို့သောအားရစရာတွေ တွေ့ရကြောင်း ဆလိုင်းယောမာန်က ပြောကြားပြီး PDF တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

“NUG PDF တွေအနေနဲ့ဆိုရင် ဆင်ဖြူကျွန်းတို့၊ စလေတို့ မင်းလှတို့ ပြီးရင် ကသာဘက် ပြီးရင် တခြားဘက်မှာ သူတို့ရဲ့ ထိုးစစ်တွေသည် ပဲခူးတိုင်းဘက်မှာ မကွေးတိုင်းဘက်မှာ စစ်ကိုင်းတိုင်းဘက်မှာ ပေါ့နော်။ ထိုးစစ်တွေသည် အရှိန်ရလာတာတွေ့ရတယ်။ အစပျိုးလာတယ် အရှိန်ရလာတယ် စစ်ကောင်စီရဲ့ ထိုးစစ်တွေအကုန်လုံးကို တန်းတူယှဉ်လာနိုင်တယ် စစ်ကောင်စီကို အရင်ကထက် ပိုပြီး စခန်းတွေ ဂိတ်စခန်းတွေ သိမ်းလာနိုင်တယ် ထိုးစစ်ဆင်လာနိုင်တယ်ပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

အဲဒီအရှိန်ကို ကျွဲကူးရေပါ လုပ်ဆောင်ရမယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ မကြာသေးခင် ဒီဇင်ဘာအတွင်းက ချင်းညီနောင်ပါဝင်တဲ့ နွေဦးမဟာမိတ်တော်လှန်ရေးတပ်ပေါင်းစု (SRA) စုဖွဲ့နိုင်မှု အကြောင်းကို ပြောပြီး အားလုံး ချိတ်ဆက်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးယန္တရား တခုလုံး အကုန်လုံး စလည်ပတ်ဖို့အတွက် ခွေးသွားစိတ်တွေ တခုပြီးတခုချိတ်ဆက် မိလာပြီ။ လည်ပတ်လာပြီပေါ့နော်။ ဆက်ပြီးမှ ပိုချိတ်ဆက်လာအောင် ပိုလည်ပတ်လာအောင် ကျနော်တို့ ကြိုးစားရမှာ ဖြစ်တယ်။ အဲဒါကိုလည်း ဝိုင်းဝန်းကြိုးစားနေကြတယ်။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ချင်းပြည်ပြင်ပအထိ တော်လှန်ရေးတွေလုပ်ကြဖို့ ရည်စူး စုစည်းလာနိုင်ခြင်းဖြစ်ကြောင်း အသိပေးပါတယ်။ ရှေ့ဆက်ပြီးမှ ညီအကိုအချင်းချင်း စုစည်းညီညွတ်ဖို့ အတွက် ဆက်ပြီးမှသွားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

“စစ်ကောင်စီကို ဒီထက်ပိုပြီးမှ ထိရောက်အောင် တော်လှန်နိုင်ဖို့အတွက် ကျနော်တို့မှာ အခွင့်အလမ်းတွေ အများကြီးရှိလာတယ်လို့ ကျနော်တို့ မြင်တယ်။ ယုံကြည်တယ်။ ဒီ NUG PDF တွေနဲ့လည်း ဆက်လက်တွဲရမယ်။ SRA အဖွဲ့တွေနဲ့လည်းဆက်ပြီး လက်တွဲရမယ်”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေကလည်း ချင်းညီနောင်အနေနဲ့ ကိုယ့်ဒေသ လွတ်မြောက်ရေးသာမက ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းသွားမယ်လို့ ၂၀၂၅ ဒီဇင်ဘာကုန်ပိုင်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ