ဇန်နဝါရီ-၃၊၂၀၂၆။လူအေး/People’s Spring
ရန်ကုန်မြို့ အိမ်တွင်အပြင် သုံးဘီးယာဉ်မောင်းတွေနဲ့ တက္ကစီတွေကိုပါ အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အလံ အတင်းအကျပ်တပ်ခိုင်းနေပါတယ်။
ဇန်နဝါရီလဆန်းကစပြီး အလံတပ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလာပြောပြီး အလံလည်း ရောင်းသွားတယ်လို့ လှိုင်သာယာမြို့နယ်ကသုံးဘီးယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ စစ်တပ်ကိုထောက်ခံကြောင်းပြဖို့ တပ်ခိုင်းတာ။။ ကျတော်တို့က ငြင်းလို့မရဘူး။ငြင်းရင် နောက်

Public Service Announcement
ဆက်တွဲပြဿနာတွေရှိတယ်” လို့ အဲဒီသုံးဘီးယာဉ်မောင်းက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာတွေ့ရတဲ့ သုံးဘီးယာဉ်အားလုံးနီးပါးမှာ အလံတွေတပ်ထားကြပါတယ်။ ဖျင်စနဲ့လုပ်ထားတဲ့ အလံသေးတစ်ခုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး က ငါးသောင်းနဲ့ ရောင်းတာလို့ ဆိုပါတယ်။ တက္ကစီကားတချို့မှာလည်း အလံ တပ်ထားရပါတယ်။
“ ကျနော်တို့ကိုလည်း အလံတပ်ခိုင်းတယ်။ မတပ်ချင်လို့ ပေကပ်နေတာ။မဖြစ်မနေလုပ်လာရင်တော့တတ်ရမှာပဲ။ ဒါပေမဲ့ အဲဒါ အစစ်အမှန်မဟုတ်ဘူး အတုပဲ” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊မကွေးမြို့အပါအဝင်စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေက နေအိမ်တွေနဲ့ဆိုင်ခန်းတွေမှာ နိုင်ငံတော်အလံ မဖြစ်မနေထောင်ဖို့ လည်း ဖိအားပေးနေတာရှိပါတယ်။
ဇန်နဝါရီလ၄ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့ကို အသုံးချပြီး စစ်အုပ်စုက နိုင်ငံတော်အလံတွေလွင့်ထူခိုင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အလံအပေါ် လူထုရဲ့အမြင် ပြောင်းလဲသွားပါတယ်။ရွေးကောက်ခံအရပ်သားအစိုးရကို ဖမ်းဆီးပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို အစိုးရတရပ်အဖြစ်လူထုက လက်ခံမထားဘူးလို့ရန်ကုန်မြို့ခံအချိုု့ကပြောပါတယ်။ လက်ရှိမှာ ရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီကိုတော်လှန်နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
“ ရန်ကုန်မှာလည်း တချို့ကြောက်လို့အလံတွေစထောင်နေရပြီ။ အိမ်မှာ သူတို့အလံကြီထောင်ထားရတာ ကျက်သရေမရှိဘူးလို့ ခံစားရတယ်” လို့ ရန်ကုန်မြို့ စမ်းချောင်မြို့နယ်မှာနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။



















































