Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတွေကို ထောက်ခံမယ်လို့ လွတ်လပ်ရေးနေ့ဂုဏ်ပြုကြေညာချက်မှာအမေရိကန်ဖော်ပြ

မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကို အမေရိကန်က ဆက်လက် အားပေးထောက်ခံ ရပ်တည်သွားမယ်လို့ အမေရိကန် သံရုံးရဲ့ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

အ​မေရီကန် နိုင်ငံခြား​ရေးဝန်ကြီး မာကို ရူဘီရို။ ဓါတ်ပုံ-AP

■စစ်တပ်အ​နေနဲ့ အကြမ်းဖက်မှု​တွေကိုရပ်တန့်ဖို့

ကိုလည်း​တောင်းဆိုထား

ဇန်နဝါရီ-၄၊၂၀၂၆။People’s Spring

မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကို အမေရိကန်က ဆက်လက် အားပေးထောက်ခံ ရပ်တည်သွားမယ်လို့ အမေရိကန် သံရုံးရဲ့ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ကျရောက်တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကိုယ်စား ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်မှာတော့ ၇၈ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးကို ကြိုဆိုနေတဲ့ မြန်မာပြည်သူတွေကို သူ့အနေနဲ့ ထောက်ခံ အားပေးကြောင်း၊ မြန်မာပြည်သူတွေက ငြိမ်းချမ်းတဲ့၊ မျှတတဲ့၊ စည်ပင်ကြီးပွားတဲ့ အနာဂတ်မျိုး ကြိုးစားရှာဖွေနေမှုကိုလည်း အမေရိကန်က ဆက်လက် ထောက်ခံ ရပ်တည်နေမှာဖြစ်ကြောင်း ရူဘီရိုက ရေးသားထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြတ်သန်း ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေအတွက်လည်း အမေရိကန်က အထူးအလေးအနက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ် အနေနဲ့ အကြမ်းဖက်မှု​တွေကိုရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုရေး၊ မတရား ဖမ်းဆီး ချုပ်နှောင်ထားသူတွေကို လွှတ်ပေးရေး၊ ပြီးတော့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ငြိမ်းချမ်းပြီး ရေရှည် တည်မြဲစေမယ့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ်ရေးကိုလည်း အမေရိကန်က တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

အဲဒီ လုပ်ဆောင်ချက်တွေဟာ လုံခြုံပြီး တိုးတက်စည်ပင်တဲ့ အင်ဒို-ပစိဖိတ် ဒေသ ပေါ်ထွန်းလာရေးအတွက်လည်း အထူးအရေးကြီးကြောင်းလည်း ရူဘီရိုက ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ