Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာကနဦးသတင်း​တွေအရ နိုင်ကျဥ်းမပါ

အာ​ဏာသိမ်းစစ်အုပ်စုက လွတ်လပ်ရေးနေ့မှာအကျဉ်းသား/ အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုတယ်ဆို​ပေမယ့် နိုင်ငံ​ရေးအကျဥ်းသား​တွေမပါဝင်ဘူးလို့ ကနဦးရရှိတဲ့သတင်း​တွေအရသိရပါတယ် ။

အင်းစိန်​ထောင်​ရှေ့မှာ ပြန်လွှတ်​ပေးတဲ့အထဲ မိသားစုဝင်ပြန်ပါလာမလား ​စောင့်​မျှော်​နေကြတဲ့ပြည်သူ​တွေ နဲ့ ​ထောင်ထဲထွက်လာတဲ့ကားအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring

■လူသိများသူ​တွေထဲပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် နဲ့ မော်ဒယ်နန်းမွေစံတို့ပြန်လွတ်လာ

ဇန်နဝါရီ-၄၊၂၀၂၆။တာရာ၊​နေ့သစ်/People’s Spring

အာ​ဏာသိမ်းစစ်အုပ်စုက လွတ်လပ်ရေးနေ့မှာအကျဉ်းသား/ အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုတယ်ဆို​ပေမယ့် နိုင်ငံ​ရေးအကျဥ်းသား​တွေမပါဝင်ဘူးလို့ ကနဦးရရှိတဲ့သတင်း​တွေအရသိရပါတယ် ။

ရန်ကုန်မြို့မှာရှိတဲ့ ၊အင်းစိန်အကျဉ်းထောင်ကနေ အမျိုးသား ၆၅၀၊ အမျိုးသမီး ၂၀၀ စုစုပေါင်း ၈၅၀ လွှတ်ပေးခဲ့တာ နိုင်ကျဉ်းတွေ တစ်ယောက်မှ ပါဝင်လာခြင်းမရှိဘူးလို့ သွား​ရောက်​စောင့်ကြည့်သူ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရာဇဝတ်မှုနဲ့ ​ထောင်ကျ​နေသူ​တွေ ၊စစ်ပြေး၊ ရဲပြေး၊ လောင်းကစားသမားတွေကို အများဆုံးလွှတ်ပေးခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒါအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း

သားများကွန်ရက်( PPNM ) ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးကလည်း “ ဒီနေ့ထုတ်ပြန်ထားတဲ့ စစ်ကော်မရှင်လွတ်ငြိမ်းမှာဆိုလို့ရှိရင် သူပြထားတဲ့ လွတ်ငြိမ်းမပေးနိုင်သူတွေမှအပ ကျန်တဲ့သူတွေကို ၆ ဘို့ ၁ ဘို့ ပေးတာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကတော့ မျှော်လင့်လို့ရတဲ့ အခြေအနေမှာ‌ တော့မရှိပါဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) ကတာဝန်ရှိသူကပြောပါတယ်။

အခုချိန်ထိစစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်လာတာမရှိသေးဘူးလို့သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့ လွတ်လပ်ရေးနေ့မှာအကျဉ်းထောင်/အချုပ်ထောင်တွေက ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား/ အကျဉ်းသူ (၆၁၃၄) ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ဦးကို ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းခွင့်ပြုတယ်လို့ ကြေညာပါတယ်။

အလားတူ အကျဉ်းသား/အကျဉ်းသူများကို ၎င်းတို့ကျခံရမယ့် ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလိုလျှော့ချတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသားတွေကို စွပ်စွဲကာ ပုဒ်မတပ်ခဲ့တဲ့ လက်နက်မှု၊ ပေါက်ကွဲမှု၊ မတရားအသင်းအမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ အကြမ်းဖက်မှု၊ အဂတိအမှုတွေ မပါဝင်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

PPNMအနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်လာခြင်းရှိမရှိကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒီကနေ့လွတ်မြောက်လာသူတွေထဲက လူသိများသူအနေနဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ မော်ဒယ်နန်းမွေစံတို့သာ တွေ့ရပါသေးတယ်။

ဆက်စပ်သတင်းများ