Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို ရဲနဲ့ ပျူစောထီးတွေပို့ပြီး စစ်တပ်ဆန့်ကျင်သူတွေ ပစ်မှတ်ထားစုံစမ်းနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ရဲနဲ့ ပျူစောထီးတွေပို့ထားပြီး ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး စုံစမ်းနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်အာဏာသိမ်းချိန်က ဆန္ဒပြကန့်ကွက်နေတဲ့ မိုးကုတ်မြို့ခံတွေကို‌ တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဇန်နဝါရီ-၄၊၂၀၂၆။အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ရဲနဲ့ ပျူစောထီးတွေပို့ထားပြီး ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး စုံစမ်းနေတယ်လို့ သတင်းရရှိပါတယ်။

ရဲတပ်ဖွဲ့နဲ့ ပျူစောထီးစုစုပေါင်း ၇၀ခန့်ကို ဇန်နဝါရီ ၂ရက်မှာ စစ်ကောင်စီက ခေါ်လာတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” တော်လှန်ရေးကိုထောက်ခံသူတွေကို လိုက်စုံစမ်းနေတယ်။ သူတို့က တိုက်ခိုက်ရေးထက် ဒေသခံတွေကို ဒုက္ခပေးဖို့ လာတာ။ ကျတော်တို့လည်း စောင့်ကြည့်နေတယ်”လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့ကို ၂၀၂၅နိုဝင်ဘာ ၂၉ရက် ညနေမှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်လာတာပါ။ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ စစ်တပ် တပ်ရင်းတွေကို ၂၀၂၅ ဒီဇင်ဘာ၁၁ရက် ညနေပိုင်းမှာ စစ်ယာဉ်တန်းနဲ့ ခေါ်သွင်းလာခဲ့စဥ်က PDFနဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀)ရက် ညနေ ၆နာရီကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။

မိုးကုတ်မြို့မှာ ၂၀၂၆ဇန်နဝါရီ ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသလို ဒီ‌နေ့ ဇန်နဝါရီ ၄ရက်မှာလည်း လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့မှာလည်း ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုကို ထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချတာမျိုးတွေမလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ