ဇန်နဝါရီ-၅၊၂၀၂၆။ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်တိုက်ပွဲတစ်ခုမှာအာဏာသိမ်းစစ်တပ်နောက်ဆုံးထုတ်ထားတဲ့ MA1 Mk II T1 လက်နက်သစ် ကို သိမ်းဆည်းရရှိတယ်လို့ ကာကွယ်ရေးရဲဘော်တွေကလူထုနွေဦးကိုပြောပါတယ်။
ဝက်လက်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ဇန်နဝါရီလဆန်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာPDF တွေကသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ် ။ တိုက်ပွဲအခြေအနေအသေးစိပ်ကိုတော့ စစ်ရေးအခြေအနေအရ အသိပေးခြင်းမရှိပါဘူး ။
“ တပ်ကထုတ်တဲ့ဂန်း က လပိုင်းအတွင်းPDFရဲ့သိမ်းဆည်းရမိ လက်နက် ဖြစ်နေပြီ” လို့ရွှေဘိုခရိုင် တပ်ရင်း ၁၇ ရဲ့တာဝန်ရှိသူက MA1 MK II T1 ရရှိခဲ့တာကိုပြောပါတယ်။

Public Service Announcement
ရရှိတဲ့ လက်နက်သစ်ကမူလ MA 1 MK II ထက် ကိုင် တွယ်ရပိုမိုပေါ့ပါးပြီး လက်ကိုင်ဒီဇိုင်းနဲ့ ကျည်ဖြည့်တင်းမှုမှာ အဆင်ပြေတယ်လို့ ကိုင်တွယ်စမ်း
သပ်ခွင့်ရရှိခဲ့တဲ့ရဲဘော်တစ်ဦးကအသိပေးပါတယ်။
အခုအခါဝက်လက်မြို့နယ်မှာစစ်ကိုင်းမြို့အခြေ စိုက် တပ်မ ၃၃ နဲ့ ဒေသတွင်း ပျူစောထီးတွေစုဖွဲ့ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
အဲဒီ့စစ်ကြောင်းက ဝက်လက်မြို့နယ်အရှေ့ခြမ်းကအမျိုးသမီးငါးဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီး သန္ဓေတားဆေးပါထိုးပြီးပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေက People’s Spring ကိုထုတ်ဖော်ထားပါတယ်။
ဒီဇင်ဘာလနောက်ဆုံးပတ်ကရှိမ်းမကားရွာရဲစခန်းက နေထွက်လာတဲ့အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းဟာ ရှိမ်းမကားရဲ့ မြောက်ဘက်က ရွာသစ်ရွာမှာ ယာယီအထိုင်ချခဲ့ပါတယ်။
စစ်ကြောင်းထွက်လာစဥ် ဒေသခံပြည်သူတွေကိုဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေထဲက ရွာသစ်ရွာရဲ့ မြောက်ဘက် အင်ဒေါင်းရွာကအမျိုး သမီး၄ဦး၊မင်းရွာထောင်ရွာက အမျိုးသမီး၁ဦးတို့ကို ရွာသစ်ရွာကိုဖမ်းဆီးပြီး ၃ရက်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။
စစ်သားနဲ့ ပျူတွေကအမျိုးသမီးတွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ဇန်နဝါရီလ၃ရက် နေ့မှာ သန္ဓေတားဆေးထိုးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ ရှက်ရွံ့မှု ၊ကြောက်လန့်မှုကြောင့် ဒီဖြစ်စဉ်ကို ထုတ်ဖော်မပြောရဲကြပါဘူး။
လက်ရှိမှာအဲဒီစစ်ကြောင်းဟာမြောက်ဘက်ကို ဆက်ထွက်နေပြီး ကမ်းဖြူ နဲ့ မှော်ဦးရွာအ နောက်ဘက်မှာ ရှိတယ်လို့ ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လ (၂၀၂၅ ခုနှစ် ဒီဇင်ဘာ)တစ်လအတွင်း ဝက်လက်မြို့နယ်ကိုစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေကြောင့် သံဃာ နှစ်ပါ နဲ့ ပြည်သူ ၃၀ နီးပါး သေဆုံးခဲ့ရပါတယ်။

















































