ဇန်နဝါရီ-၅၊၂၀၂၆။ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ကုန်းကြီးရွာစာသင်ကျောင်းကိုစစ်တပ်က ဒီကနေ့ညမှာတိုက်လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသူတွေများပြားတယ်လို့ ဒေသခံတွေဆီက ကနဦးသတင်းရရှိပါတယ်။
ဇန်နဝါရီလ ၅ရက်ည၈နာရီ ကျော်မှာ ကုန်းကြီးရွာ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာလို့ သိရပါတယ်။
“ မတ္တရာမြို့နယ်ကစစ်ရှောင်ပြည်သူတွေနေတဲ့ စာသင်ကျောင်းပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးဓါတ်ပုံတွေထဲမှာ လသားအရွယ်အိပ်နေတဲ့က လေးငယ်ထိမှန် သေဆုံးတဲ့ပုံကိုတွေ့ရပါတယ်။လေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၅ဦးပွဲ
ချင်းပြီး သေဆုံးတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဒါ့အပြင်အထိခိုက်ဒဏ်ရာရသူတွေလည်းများနိုင်တယ်လို့ဆိုပါတယ်။
မန္တလေးတိုင်းက မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းနယ် တွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရပါတယ်။စစ်တပ် စစ်ကြောင်းတွေဟာ ဝက်လက်နယ်အထိ ရှိနေတာမို့ စစ်ရှောင်ပြည်သူတွေဝေးတဲ့နေရာတွေ အထိ သွား ရောက်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါအပြင် ဇန်နဝါရီ ၅ ရက်မှာလည်း မတ္တရာမြို့နယ်အနောက်ခြမ်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက စဉ့်ကူးမြို့နယ်၊ဟင်္သာမအုပ်စုကို မီးရှို့ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

















































