Connect with us

Hi, what are you looking for?

သတင်း

မြောင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ စက်တပ်လေထီးနဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-T.G.R သတင်းမှန်ပြန်ကြားရေး

ဇန်နဝါရီ-၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက မြောင်မြို့နယ်၊ နဘတ်စံပြကျေးရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက်(၆၀)ကျော်အရွယ် ဦးအေးကိုနဲ့ အသက်(၃၅)နှစ်အရွယ် မဒေဝီကျော်တို့ဖြစ်ပြီး ဆွေမျိုးတော်စပ်သူများဖြစ်ကြောင်း မြောင်နယ်အခြေစိုက် T.G.R သတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ နဘက် စံပြ ရွာလယ်မှာ ချသွားတာပါ” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် နေအိမ် ၃လုံးလည်း ပျက်စီးပြီး နွားတစ်ကောင်ပါ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းကပဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်အုပ်စုဟာ စက်လှေတွေကိုချောဆွဲပြီး မြောင်မြို့နယ်ဘက်ကူးလာကာ ကျောက်ရစ်ကျေးရွာစခန်းနဲ့ နနွင်းကိုင်းကျေးရွာတွေကို ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းဝင်လာရောက်လာပြီး တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို မုံရွာနမခကနေ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မုံရွာနမခက ဂျိုင်ရိုကော်ပတာတွေဟာ အညာဒေသက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ