Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ ဗိုလ်ကြီးအဆင့်သေဆုံးပြီးနောက် စစ်ကြောင်းထိုးလာတဲ့စစ်တပ် ထပ်မံတိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဗိုလ်ကြီးအဆင့် သေဆုံးပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာရာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့(ဇန်နဝါရီ ၅ရက်)မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ရက်က နတ်မောက်မြို့နယ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ စစ်တပ်အရာရှိရဲ့ အဆောင်အယောင်။ ဓာတ်ပုံ - နတ်မောက် ပကဖ

ဇန်နဝါရီ-၅၊၂၀၂၆။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဗိုလ်ကြီးအဆင့် သေဆုံးပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာရာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့(ဇန်နဝါရီ ၅ရက်)မှာ ထုတ်ပြန်ပါတယ်။

အခု ဇန်နဝါရီ ၂ ရက်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလိုက်ပါလာတဲ့ TOYOTA HILUX SURF ကားကို ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ စစ်တပ်ရဲ့အရာရှိတစ်ဦးအပါအဝင် အခြားအဆင့် တပ်သားတစ်ဦး‌သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး စစ်တပ်က နတ်မောက် မြို့နယ် အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို လှည့်လည်စစ်ကြောင်းထိုးလာတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ အရှေ့အနောက် နှစ်ခုပေါင်းရင် အင်အား ၁၅၀လောက်ရှိတယ်။အနောက်ဘက်ခြမ်းကတော့နောက်ပြန်ဆုတ်နေပါပြီ။ အရှေ့ဘက်ခြမ်းကတော့ နေ့ခင်းကမိုင်းဆွဲတဲ့နေရာမှာ ကင်းပုန်းဝပ်​နေတယ်” လို့ နတ်မောက်ပကဖ တာဝန်ခံက လူထုနွေဦးကို ပြောပါတယ်။

ဇန်နဝါရီ ၃ရက်က နတ်မောက်မြို့နယ်အနောက်ခြမ်း တဲကြီးကျေးရွာဝင်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်တပ်ကသုံးဦးသေပြီး ခြောက်ဦးဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီ ၄ရက် မနက် ၁၀နာရီမှာ တဲကြီးကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းဟာ ဖန်းခါးစမ်းကျေးရွာရောက်ရှိချိန်မှာ မိုင်းထပ်ထိတာကြောင့် ၁၀ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ သေဆုံး၊ထိခိုက်တာတွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ မနက် ၁၁ နာရီခွဲခန့်မှာလည်း နတ်မောက်မြို့အရှေ့ဘက်ဂွေးတောက်ကုန်းကျေးရွာကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သေဆုံးထိခိုက်မှုကို အတိအကျမသိရသေးဘူးလို့ နတ်မောက် ပကဖ က ပြောပါတယ်။

နတ်မောက်မြို့နယ်မှာ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် တွေ အခြေစိုက်ထားပါတယ်။

ဒီဇင်ဘာ ၂ ရက်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်တပ်ကား တိုက်ခိုက်မှုကနေ MA3 သေနတ် ၂လက်၊ MA3ကျည်ဘောက် ၈ခုနဲ့ ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ နတ်မောက်ပကဖက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုမှာ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ အရ ရှမ်းပြည်နယ်၊မိုင်းပျဥ်းမြို့အခြေစိုက် ခလရ (၂၄၉)တပ်ရင်းကလို့ သိရပါတယ်။

ဆက်စပ်သတင်းများ