ဇန်နဝါရီ-၅၊၂၀၂၅။အိမ်သွင်/People’s Spring
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးနဲ့ မိဘတွေ စုစုပေါင်းလေးဦး သေဆုံးခဲ့ပါတယ်။
ဟားခါးမြို့နယ်၊ ဟောတာရွာနဲ့ ဟိုင်ဖိုင်ကျေးရွာကို ဇန်နဝါရီ ၄ ရက် ည ၁၂နာရီခန့်မှာ ဗုံးကြဲတာဖြစ်ပါတယ်။
” သူတို့(သေဆုံးသူမိသားစု) အိမ်ပေါ် တည့် တည့်ထိတာလေ။ ကလေး နှစ်ယောက်ကလည်း ငယ်ငယ်လေး။ အဖေနဲ့ အမေကလည်း လူလတ်ပိုင်းတွေဖြစ်တယ်။ နာရေးလုပ်တာ ဝမ်းနည်းစရာပဲ” လို့ ဟားခါးမြို့ခံက ပြောပါတယ်။

Public Service Announcement
ကလေး နှစ်ဦးနဲ့ မိခင်ဖြစ်သူက ချက်ချင်းသေဆုံးခဲ့ပြီး ဖခင်ဖြစ်သူက ဆေးကုသမှုခံယူနေစဉ် ဒီနေ့ ဇန်နဝါရီ၅ရက် နေ့ခင်းပိုင်းမှာ သေဆုံးတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီ ၄ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ဆားလင်းကြီးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
မဘိမ်းမြို့နယ်က စန်းစံပယ်တည်းခိုခန်း ဗုံးကြဲလို့ တည်းခိုသူတချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆားလင်းကြီးမြို့နယ်က မတောင်းတတိုက်နယ်ဆေးရုံကိုဆရာဝန်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

















































