ဇန်နဝါရီ-၅၊၂၀၂၆၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ကြက်တူရွေးကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ်ဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း ၊ဧရာဝတီ မြစ်ကြောင်းဘေးက ကျေးရွာတွေအထိ စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ၂ရက်က ကျွန်းကြီးကျေးရွာကို စတင်ဝင်ရောက်လာတယ်လို့ သိရပါတယ်။
“ လက်နက်ကြီး၊လက်နက်ငယ် တွေပစ်ဝင်လာတာ။ဒေသခံ တွေကတော့ မတ္တရာအနောက်ဘက်ကို စစ်ကားတွေ ဆင်းတယ်ဆိုကတည်းက ရှောင်နေကြပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာ ကျွန်းတော်ကျေးရွာကိုလည်း ဝင်မွှေခဲ့ပြီး ဇန်နဝါရီ ၅ရက် ဒီကနေ့မှာ ကြက်တူ ရွေးရွာကို မီးရှို့နေတာလို့ သိရပါတယ်။
ဒေသခံအားလုံး တိမ်းရှောင်နေတာမို့ ပျက်စီးဆုံးရှုံးမှုကို မသိရသေးဘူး ဆိုပါတယ်။
“ ဒီရွာတွေနဲ့ဝက်လက်နယ်နဲ့က ဟိုဖက်ကမ်း၊ဒီဖက်ကမ်းပဲ။အခုက ဝက်လက်နယ်ကလည်း မြစ် အနောက်ဖက်က ရွာ တွေကို စစ်ကြောင်းထိုး၊ မြစ်အ ရှေ့ဘက်က စဉ့်ကူးနယ်ကလည်း စစ်ကြောင်းထိုး တော့ ညပ်ပိတ်သလိုဖြစ် နေတာ ပေါ့။ပြေးစရာ မြေကမရှိ တော့ဘူး။မြစ်လည်ခေါင်ကကျွန်းတင်စုပြုံ နေကြတာ။လေကြောင်းလာလည်း သေကြရုံရှိတာပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်တပ်က ဒီဇင်ဘာမှာ စဉ့်ကူးမြို့ကိုပြန်သိမ်းယူသွားပြီး ကျန်နေတဲ့ မြစ်ဘေးက ကျေးရွာတွေကို ထပ်မံ စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
(စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ကြက်တူရွေးကျေးရွာကို စစ်တပ် ဝင်ရောက်မီးရှို့ နေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ – WIN)

















































