Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်မှာ YBSယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်လာသူကို ဝင်တိုက်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်ပါတယ်။

အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

ဇန်နဝါရီ-၅၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်ပါတယ်။

အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

“ဆက်သွယ်ရေး ဝန်ထမ်းပါ။ အသက်၅၀ကျော် ပါ”လို့ ဒီဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၅ ရက် နေ့လည် ၁၁ နာရီခွဲကျော်မှာ အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားကို YBS(၆၅)က ဝင်တိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူကို ကနောင် နာကူ/ရှင်ကူ အသင်းရဲ့ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အထက်ပါကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်က ယာဉ်တိုက်မှူကြောင့် ငါးဦးသေဆုံးခဲ့ပြီး ဇန်နဝါရီ ၃ရက်မှာလည်းယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ