Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျောက်ဝိုင်းမှာ ကျပ်သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွား

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲကကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်သူတွေထံကနေ ကျပ်သိန်းသောင်းချီ လိမ်လည်မှု အခုနှစ်ဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲကကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်သူတွေထံကနေ ကျပ်သိန်းသောင်းချီ လိမ်လည်မှု အခုနှစ်ဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်သမားအများအပြားဆီကနေ လိမ်လည်သွားတာဖြစ်ပြီး ငွေကျပ်သိန်း ငါးသောင်း ဖိုး လိမ်လည်သွားတာလို့ သိရပါတယ်။

“ အခုကပါသွားတဲ့သူတွေရဲ့စာရင်းကောက်တုန်းပဲရှိသေးတယ်၊သိန်းငါးရာ အောက်သမားတွေ အများဆုံးပါသွားကြတာ” လို့လုပ်သက် ၁၀နှစ် သက်တမ်းရှိ ကျောက်သမားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လိမ်လည်သွားသူကကျောက်ဝိုင်းမှာ ဆိုင်ခန်းဖွင့်လှစ်ထားသူလို့ သိရပါတယ်။လူလတ်ပိုင်းအရွယ်ရှိပြီး သူ့ရဲ့နာမည်ကိုတော့ လတ်တလောမသိရသေးပါဘူး။

“တဆင့်ပွဲစားတွေပါသွားတာများတယ်၊ ဝိုင်းက အရောင်းအဝယ်အေးနေတာအခုလိုဖြစ်တော့ပိုဆိုးသွားတာပေါ့၊အိမ်ခံကလုပ်သွားတာ”လို့ လုပ်သက် သက်တမ်းနှစ်၂၀ ရှိတဲ့ ကျောက်အရောင်းအဝယ်သမားတစ်ဦးကပြောပါတယ်။

တဆင့်ခံပွဲစားတွေ​၊ကျောက်ပိုင်ရှင်တွေဆီကနေ အလိမ်ခံရတာဖြစ်ပြီး လိမ်သွားပြီဆိုတာကို အခုနှစ်ဆန်းပိုင်း ဇန်နဝါရီ၁ရက်မှာ စသိကြတာပါ။

လိမ်ခံရသူအချို့ကတော့ လိမ်လည်ခံရတာကို Tik Tok မှာ ရုပ်သံတင်ပြီး အသိပေးပြောဆိုလာကြပါတယ်။

မန္တလေးကျောက်ဝိုင်းမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး တရုတ်ဝယ်လက်မရှိသလောက် နည်းပါးသွားတဲ့အတွက် အရောင်းအဝယ်အေးနေပါတယ်။

ဆက်စပ်သတင်းများ