Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးလုပ်နေတဲ့ ဂန့်ဂေါမြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းအပြင်းအထန် တိုက်ခိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရန်ကြောင့် ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာ တိမ်းရှောင်လာသူများ ယာယီနေထိုင်ဖို့ ပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ - ABSDF

ဇန်နဝါရီ-၅၊၂၀၂၆။မိုမို/People’s Spring

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာ၊Y 12အစရှိတဲ့ လေယာဉ်တွေအသုံးပြုပြီး ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကနေ ည ၈နာရီဝန်းကျင်အထိ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီနေ့(ဇန်နဝါရီ ၅ ရက်)လည်း လေယာဉ်လာတယ်။နေ့တိုင်းနီးပါးပဲ။ဗုံးကြဲတာတော့” လို့ ဂန့်ဂေါမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီလေကြောင်းဗုံးကြဲနေတာကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဂန့်ဂေါမြို့နယ်နဲ့ထိစပ်နေတဲ့ ထီးလင်းနဲ့ ဆောမြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။

Yawland Opreation စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၇ ရက် မနက် ၅နာရီကစပြီး ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက စစ်တပ်စခန်းတွေနဲ့ စစ်တပ်လက်အောက်ခံပျူစောထီးကျေးရွာတွေကို ဂန့်ဂေါခရိုင်စစ်ဌာနနဲ့ ဒေသတွင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပျူစောထီးကျေးရွာ တစ်ရွာကို သိမ်းပိုက်ထားတယ်လို့ ဒီဇင်ဘာ ၂၉ ရက်က ကနဦးအသိပေးထားပါတယ်။

“ ထပ်သိမ်းရတာ နဲ့ ဖမ်းဆီးတာတွေ ရှိတယ်တော့ ကြားတယ်” လို့ ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ ဂန့်ဂေါမြောက်ပိုင်းမှာ ကျေးရွာ ၁၁ ရွာက ပျူစောထီးအင်အားအခိုင်အမာရှိပြီး စစ်တပ်က လက်နက်ကြီး အထိုင်ချထားတာနဲ့ လက်နက် အပြည့်အစုံတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

“ ဟံဟာဝတီတို့ ၊ မြောက်ခင်ရန်းတို့ဆိုတာ အိမ်ခြေ ထောင်ခြေ ရှိပြီး အားလုံးနီးပါး ပျူစောထီးတွေ ဖြစ်နေကြတာပါ။ အဲ့ဒီပျူရွာတွေဟာ မြို့တစ်မြို့ ၊ တပ် မတစ်ခုစာထက် များစွာ ကျယ် ပြန့်တဲ့ စုဖွဲ့ထားမှု ဖြစ်တယ်” လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၅၀)တပ်ရင်းနဲ့ အမြောက်တပ် အမှတ်(၃၇၁)ကလည်း ဂန့်ဂေါမြို့နယ်မှာ အခြေစိုက်ထားပါတယ်။

“ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေ ဘက်ကရှိတဲ့အားနဲ့ ဝင်တိုးပြီး တိုက်ပွဲ ဝင်နေကြတာ ဖြစ်တယ်။၁၂၀ မမ လက်နက်ကြီး ကျည် တွေ ၊ ပခုံး ထမ်း လောင်ချာတွေ နဲ့ 107လိုမျိုး ဖျက်အားပြင်း ရှော့တိုက် ဒုံးတွေ ကျွန်တော်တို့ဘက်မှာ ရှိရင်တော့ တိုက်ပွဲရဲ့ အရှိန်ကို အလျင်အမြန်ပြောင်းလဲပေးသွားနိုင်မှာ ဖြစ်တယ်” လို့ ဂန့်ဂေါခရိုင်စစ်ဘက်တာဝန်ရှိသူက Yawland Opreation စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။

ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေက ချင်းပြည်နယ်ရဲ့ အဓိကဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ထိစပ်နယ်မြေလည်းဖြစ်ပါတယ်။

မကွေးတိုင်းက ဆိပ်ဖြူ၊ ချောက်၊ စေလ၊ စလင်း၊ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေမှာလည်း စစ်တပ်စခန်းတွေ၊အခြေခံအဆောက်အဦးတွေနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ)တွေရဲ့ ဓာတ် အားစနစ်တွေကို ၂၀၂၅ ဒီဇင်ဘာနောက်ဆုံးပတ်ကစလို့ တော်လှန်ရေးတပ်ပေါင်းစုတွေက ထိုးစစ်ဆင် ဖြတ်တောက်နေပါတယ်။

ဆက်စပ်သတင်းများ