Connect with us

Hi, what are you looking for?

သတင်း

မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွစျေးနှုန်း ​​စစ်​ကောင်စီက လေးဆ ကျော်တိုး​သတ်မှတ်

စစ်ကောင်စီရဲ့ ကညနရုံးကနေ မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွစျေးနှုန်း ၄ ဆ ကျော်တိုးသတ်မှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

ကညနက ကြေညာထားတဲ့ ဖောင်းကြွစျေးနှုန်းကြေညာချက် ဓာတ်ပုံ-CJ

ဇန်နဝါရီ ၆၊ ၂၀၂၆ မေရီ/People’s Spring

စစ်ကောင်စီရဲ့ ကညနရုံးကနေ မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွစျေးနှုန်း ၄ ဆ ကျော်တိုးသတ်မှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွနံပါတ်ပြားစျေးနှုန်းကို စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ကနေ ယခင် ကျပ် ကိုးထောင်ကနေ ကျပ်လေးသောင်းအထိ မြင့်တက်သွားကြောင်း လိုင်စင်အကျိုးဆောင်လုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

“ ကားဖောင်းကြွတောင် ကိုးသောင်းကနေ လေးသောင်းတက်တာ။ မကြားရဲဘူးစျေးတွေက။ နည်းနည်းတက်တော်ပြီပေါ့။” လို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အခြားယာဥ်တွေရဲ့ ဖောင်းကြွနံပါတ်ပြားတွေကိုလည်း ထော်လာဂျီလေးသောင်း၊ မော်တော်ဆိုင်ကယ် ခုနှစ်ထောင်၊သုံးဘီးတပ်ယာဥ် တစ်သောင်း၊ နောက်တွဲယာဥ် နှစ်သောင်း စတဲ့နှုန်းအသစ်တွေနဲ့ ကောက်ခံသွားမယ်လို့ ကညနက ထုတ်ပြန်ပါတယ်။

အလားတူ စည်ပင်သာယာဘီးခွန်တွေလည်း လာမယ့်မတ်လမှာ တိုးမြှင့်ဖို့ပြင်ဆင်နေကြောင်း လိုင်စင်အကျိုးဆောင်လုပ်ငန်းလုပ်သူတွေက ပြောပါတယ်။

“ တစ်ခုပြီးတစ်ခုကတော့ တတ်တော့မယ်။နောက် ကညန ရုံးသွင်းငွေတွေလဲ တတ်ဖို့ရှိလောက်တယ်” လို့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကညနကတော့ ယခင်စျေးတွေဟာ ၂၀၂၀ ပြည့်နှစ်က စျေးတွေမို့ လက်ရှိငွေကြေးစျေးကွက်နဲ့ လျော်ညီအောင် စျေးတက်လိုက်တာလို့ အသိပေးပါတယ်။

ယာဥ်အသုံးပြုသူတွေဟာ လိုင်စင်အပါအဝင် အ

ထောက်အထားအပြည့်အစုံပါအောင် ပြင်ဆင်ထားတဲ့ကြားကနေ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ပျူစောထီးတွေ၊ ရဲတွေနဲ့ ယာဥ်ထိန်းရဲတွေရဲ့ ယာဥ်စစ်ဆေးတာအကြောင်းပြပြီး လမ်းပေါ်မှာ ခြိမ်းခြောက်ငွေညှစ်မှုတွေ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ