Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် ၅ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ ပေါက်ကန် ကျေးရွာ အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၆၊၂၀၂၆။ ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ ပေါက်ကန် ကျေးရွာ အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ရက် ဒီနေ့ မနက်၉နာရီ မိနစ်၄၀ ကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဝက်လက်မြို့နယ်တောင်ခြမ်း၊ပေါက်ကန်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခံရမှုမှာ ပေါက်ကန်ရွာက အသက်(၇၀) အရွယ် ဒေါ်မြ၊ (၆၀)အရွယ် ဒေါ် တင်တင်ဌေးနဲ့ နောက်ထပ် အမျိုးသမီး တစ်ဦး၊၂လသား ကလေးငယ်တစ်ဦးနဲ့ ရေသောက် ကန်ရွာမှ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ တိုက်ပွဲမရှိပါဘူး။လူ နေအိမ်တွေ ဘက်ကို ကြဲသွားတာ” လို့ ‌‌‌ဒေသခံတစ်ဦး ကပြောပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မနေ့ညပိုင်းကလည်း ခင်ဦးမြို့နယ်ကုန်းကြီးရွာ လေ ကြောင်းတိုက်ခံရပြီး စစ်ရှောင်ပြည်သူ၃ဦး သေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ