Connect with us

Hi, what are you looking for?

သတင်း

ငပလီကို ဗုံးကြဲမှုမှာ ဒဏ်ရာရသူတွေထဲက ၁ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ဦးရှိလာ

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၉ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲက အမျိုးသားတစ်ဦး ထပ်မံသေ‌ဆုံးသွားပါတယ်။

သံတွဲမြို့ပေါ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် မီးလောင်နေစဥ်။ ဓာတ်ပုံ - APM

ဇန်နဝါရီ-၆၊ ၂၀၂၆။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၉ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲက အမျိုးသားတစ်ဦး ထပ်မံသေ‌ဆုံးသွားပါတယ်။

ဒဏ်ရာရသူ ၂၀ ကျော်ထဲက အသက် ၅၄နှစ်အရွယ် ဦးဝင်းနိုင်ဟာ ဆေးကုသမှုခံယူနေစဉ် ဒီနေ့ ဇန်နဝါရီ ၆ရက် မနက်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

“ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်လေ။ အသက်လုပေမယ့် မရခဲ့ဘူး။ ကျန်တဲ့သူတွေအတွက်လည်း စိတ်ပူတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သံတွဲမြို့နယ်၊ ငပလီကမ်းခြေမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်၅၀၀ ဗုံးကြဲခဲ့တာပါ။ ကလေးငယ် သုံးဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ၂၃ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ရက် ညကလည်း သံတွဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲခဲ့တာကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ငပလီကမ်းခြေဒေသပါဝင်တဲ့ သံတွဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး သံတွဲမြို့ကို လေကြောင်းအပြင် ရေတပ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ AAက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ