ဇန်နဝါရီ-၆၊၂၀၂၆။People’s Spring
မှားယွင်းပြီး နှင်ထုတ်လိုက်မိတဲ့ မြန်မာနိုင်ငံသား လူသတ် မုဒိမ်းမှု သံသယတရားခံတဦးကိုထိုင်းရဲတပ်ဖွဲ့ကအပူတပြင်း ရှာဖွေနေတယ်လို့ထိုင်းသတင်းဌာန Bangkok Post ကဖော်ပြပါတယ်။
အဲဒီ မြန်မာအမျိုးသားဟာထိုင်းအမျိုးသမီးတဦးကို မုဒိမ်းကျင့်ပြီးသတ်ဖြတ်မှုအတွက်စွပ်စွဲ ခံထားရသူပါ။သူဟာနိုင်ငံမြောက်ပိုင်းတက်ခ်ပြည်နယ်မှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရဲ့မှားယွင်း
ပြီးနယ်နှင်ဒဏ်ပေးတာကို ခံခဲ့ရပြီးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။

Public Service Announcement
တက်ခ်မှာရှိတဲ့လူဝင်မှု ကြီးကြပ်ရေး ဌာနခွဲ ၅ ရဲ့ အကြီးအကဲက အဲဒီ သံသယရှိသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ လက်အောက်ခံ အရာရှိတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမိန့်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက အမျိုးသမီးတစ်ဦးဟာ ထွန်းသာအောင်ဆိုတဲ့ မြန်မာ အလုပ်သမာရဲ့မုဒိမ်းကျင့်သတ်ဖြတ်တာခံခဲ့ရတယ်လို့ သေဆုံးသူရဲ့သမီးဖြစ်သူကရဲတွေဆီတိုင်ကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ အဲဒီအမျိုးသားကို တက်ခ် လူဝင်မှု ကြီးကြပ်ရေးဌာနရေး ဌာနရဲ့ မဲဆောက်ရုံးခွဲဆီ လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနေ့မှာ ရဲတွေက ဌာနဆီ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး သူဟာ လူသတ်မှု သံသယ တရားခံဖြစ်လို့ နယ်မနှင်ဘဲ ဆိုင်းငံ့ထားဖို့ အသိပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတုန်းက DNA စစ်ချက် ရလဒ်တွေကို စောင့်နေဆဲ ဖြစ်တာကြောင့် ရဲတွေကလည်း ဖမ်းဝရမ်းမထုတ်ဖြစ်ခဲ့ပါဘူး။ ဒီဇင်ဘာ ၁၈ ရက်နေ့ကျမှ ဖမ်းဝရမ်း ထွက်လာပြီး သံသယ တရားခံကို ထိန်းသိမ်းထားတဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနဆီ ရဲတွေက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။အဲဒီ အချိန်မှာတော့ သံသယတရားခံအမျိုးသားကို လွန်ခဲ့တဲ့ တစ်လဝန်းကျင် လောက်ကတည်းက နှင်ထုတ်လိုက်ပြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းပြန်ချက်ကိုပဲ ရလာခဲ့ပါတယ်။
ထွန်ူသာအောင်ဟာ တခြား မြန်မာနိုင်ငံသား ရွှေ့
ပြောင်း အခြေချသူ ၅၀ ဝန်းကျင်လောက်နဲ့အတူ နိုဝင်ဘာ ၁၆ ရက်နေ့ ကတည်းက နယ်နှင်ဒဏ် ခံခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဌာနခွဲ ၅ တာဝန်ရှိသူတွေက နယ်နှင်ဒဏ် ပေးမယ့်ကိစ္စ ဆိုင်းငံ့ထားဖို့ အကြောင်းကြားစာရောက်မလာခဲ့ဘူးလို့ အခိုင်အမာ ပြောပါတယ်။
လောလောဆယ်မှာတော့ မြန်မာဖက်ခြမ်းကို ပြန်ရောက်သွားတဲ့ သံသယ တရားခံကို ရှာတွေ့နိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီဆီ ချိတ်ဆက်ပြီး ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။
ကိုးကား: Bangkok Post

















































