Connect with us

Hi, what are you looking for?

သတင်း

အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ မျိုးဆက်သစ်ခရီးသည်တင်ယာဉ် မီးလောင်

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ မျိုးဆက်သစ် ခရီးသည်တင်ယာဉ် ဒီကနေ့ (ဇန်နဝါရီ ၆) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ယာဉ်နောက်လိုက်အချို့က ပြောပါတယ်။

ဓာတ်ပုံ - MFSD

ဇန်နဝါရီ-၆၊၂၀၂၆။ သုည/People’s Spring

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ မျိုးဆက်သစ် ခရီးသည်တင်ယာဉ် ဒီကနေ့ (ဇန်နဝါရီ ၆) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ယာဉ်နောက်လိုက်အချို့က ပြောပါတယ်။

ဓာတ်ပုံ – MFSD

ဒီကနေ့ နံနက်စော ၃ နာရီ ၄၄မိနစ်အချိန်မှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက မုံရွာလမ်းမှာရပ်ထားတဲ့မျိုးဆက်သစ်ယာဉ်တစ်စီးမီးလောင်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၃ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ညအိပ်ရပ်နားထားတဲ့ ရန်ကုန်-ပြည် ပြေးဆွဲနေတဲ့ မျိုးဆက်သစ် ကားပေါ်မှာ ခြင်ဆေးခွေထွန်းရာမှ တဆင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်ဝင်းအတွင်းနေထိုင်သူတစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနက်အစောပိုင်း ပြည်ကိုသွားမယ့် မျိုးဆက်သစ်ကား မီးလောင်တာပါ။ ကားတစ်စီးလုံး အကုန်ပါသွားတယ်။ ကုန်တွေ ညကတည်းက ကားဗိုက်အောက်ထဲ ထည့်ထားတာ ဆိုတော့ ကုန်တွေပါ အကုန်ပါသွားတယ်။လူထိခိုက်မှုတော့ ကြီးကြီးမားမားမရှိဘူးလို့သိရပါတယ်“လို့အောင်မင်္ဂလာကားဝင်းအတွင်းနေထိုင်သူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းပေါ်မှာ Probox ကားတစ်စီး မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ