ဇန်နဝါရီ-၇၊၂၀၂၆။ သုည/People’s Spring
စစ်တိုင်းတိုင်း ယင်းမာပင်နဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၇) မှာ ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ပညာရေး အင်စတီကျု၊အခြေခံပညာအလယ်တန်းကျောင်းမှာ ဒီမိုကရေစီရဲ့ အခြေခံယဉ်ကျေးမှုဖြစ်တဲ့ အပြန်အလှန်ဆွေးနွေး ငြင်းခုံတတ်တဲ့ ယဉ်ကျေးမှုကို အခြေခံကျောင်းတွေကတဆင့် သင်ကြားပေးနိုင်မှ ဒီမိုကရေစီကိုအခြေခံသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ “ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာစာသားနဲ့ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုနိုင်ငံရေးဟောပြောခြင်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့က “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။




















































