Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့နယ်က စစ်တပ်စခန်းတစ်ခုကို PDFသိမ်းပိုက်

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်က စစ်တပ်စခန်းတစ်ခုကို ဒီကနေ့(ဇန်နဝါရီ ၇ ရက်)မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)တပ်ခွဲ-၁က ထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)တပ်ခွဲ-၁က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YOMA GBK. PDF

ဇန်နဝါရီ – ၇၊၂၀၂၆။ ဇော်ဝင်း/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်က စစ်တပ်စခန်းတစ်ခုကို ဒီကနေ့(ဇန်နဝါရီ ၇ ရက်)မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)တပ်ခွဲ-၁က ထုတ်ပြန်ပါတယ်။

ဇီးကုန်းမြို့နယ်၊မီးကောက်ပင်ကျေးရွာက အင်အား ၃၀ခန့်တပ်စွဲထားတဲ့စခန်းကို ဒီကနေ့ မနက် ၅ နာရီကစပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ဦးသိန်းစိန်လက်ထက်က ဒုသမ္မတဟောင်း ဦးဥာဏ်ထွန်းမဲဆွယ်ဖို့ ရောက်နေတဲ့ ဘောဘင်ရွာနဲ့ကပ်ရပ်ပဲ။(၁)မိုင်တောင်မဝေးဘူး။ပြီးတော့ မီးကောက်ပင်စခန်းကို စစ်တပ်က ၂၀၂၃ ကစပြီး စခန်းချထားတာ” လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁)တပ်ခွဲ-၁ တာဝန်ရှိသူက တိုက်ခိုက်ခဲ့တဲ့ စစ်တပ် စခန်းအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

၁နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး လေးဦးသေပြီး ငါးဦးထိခိုက်ဒဏ်ရာရပြီးတဲ့နောက် စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ အသိပေးပါတယ်။စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုကိုတော့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီ့စခန်းကနေ စစ်တပ်ရဲ့အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိပြီး ခရိုင်တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ မြို့နယ်ပကဖ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကတည်းက ပဲခူးတိုင်းအနောက်ခြမ်းရဲ့ သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပါတယ်။

“ အကျအဆုံးကလည်း အတည်မပြုရသေးလို့ လတ်တလောတော့ အခြေအနေအသေးစိတ်ကို ထုတ်ဖော်မရသေးဘူး” လို့ ပဲခူးတိုင်းစစ်ဘက်တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မင်းလှမြို့နယ်၊ကိုင်းပြင်ကြီးကျေးရွာနဲ့ လက်ပံတန်းမြို့အနယ်အကြား ရန်ကုန် – ပြည်လမ်းနဲ့ အုတ်ဖိုမြို့နယ်အကြားမှာ ကားတွေ ပိတ်မိခဲ့ပေမယ့် လက်ရှိမှာ လမ်းပိုင်းတွေ ပြန်ပွင့်သွားပြီလို့ သိရပါတယ်။

ပဲခူးအနောက်ခြမ်းက တိုက်ပွဲတွေ နဲ့ပတ်သက်လို့ ပဲခူးစစ်ဒေသခွဲအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တွေက သီးသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

လက်ရှိမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက စစ်ကောင်စီထိန်းချုပ် မြို့နယ်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ