Connect with us

Hi, what are you looking for?

သတင်း

ဖူးခက်မှာ လှေဆိပ် မီးလောင်မှုကြောင့် မော်တော်ဘုတ် ၂၀ ကျော် ပြာကျ

ထိုင်းနိုင်ငံက ဖူးခက်ကျွန်း၊ လှေဆိပ်တစ်ခုမှာ အကြီးစား မီးလောင်မှု ဖြစ်ပွားပြီး မော်တော်ဘုတ် အစီး ၂၀ လောက် ပြာကျသွားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံက ဖူးခက်ကျွန်း၊ လှေဆိပ်တစ်ခုမှာ အကြီးစား မီးလောင်မှု ဖြစ်ပွားပြီး မော်တော်ဘုတ် အစီး ၂၀ လောက် ပြာကျသွားခဲ့ပါတယ်။

ဓာတ်ပုံ – Bangkok Post

ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်းက ချာလောင် ပင်လယ်ကွေ့ ဆိပ်ခံနေရာမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်သွားတဲ့ မီးကြောင့် ဆီအပြည့် ပြန်ဖြည့်ပြီး ဆိုက်ကပ်ထားတဲ့ မော်တော်ဘုတ်တွေ မီးလောင်ကုန်တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

မော်တော်ဘုတ်တွေတွေရဲ့ ဆီတိုင်ကီတွေက ဆီအပြည့် ဖြစ်နေပြီး မီးကူးစက်မှု ပိုအားကောင်းခဲ့တာကြောင့် မီးကို ထိန်းချုပ်ဖို့ မီးသတ်ဝန်ထမ်းတွေ အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။ နေမထွက်သေးဘဲ မှောင်နေဆဲ အချိန် ဆိပ်ခံနေရာက မီးလောင်မှုက အဝေးကနေ အထင်အရှား တွေ့နေခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မီးသတ်တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အနီးတဝိုက်က တခြားစက်လှေတွေနဲ့ မော်တော်ဘုတ်တွေဆီ မီးမကူးအောင် ကြိုးစားခဲ့ပေမယ့် လေတိုက်နှုန်းကလည်း အားကောင်းနေခဲ့တာကြောင့် မီးကူးစက်မှုကို တားဆီးဖို့ ခက်ခဲသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချာလောင် ရဲဌာနဟာ မီးလောင်မှုဖြစ်တဲ့ နေရာတဝိုက်ကို ပိတ်ထားလိုက်ပြီး ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ချဉ်းကပ်မလာကြဖို့ နှိုးဆော်ထားပါတယ်။ မီးလောင်မှုမှာ လူတွေ ထိခိုက်သေကြေတဲ့ သတင်းတော့ မကြားရသေးပါဘူး။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို စုံစမ်းရေး အရာရှိတွေက ထုတ်မပြောသေးဘဲ ဆက်လက် စစ်ဆေးနေဆဲလို့ ဆိုပါတယ်။ ရဲတွေက ဝါယာရှော့ကြောင့်လား၊ ဒါမှမဟုတ် လူတွေရဲ့ ပေါ့လျော့မှုကြောင့် မီးစလောင်သလား ဆိုတာကို ဆန်းစစ်နေဆဲလို့ မှတ်ချက်ပေးထားပါတယ်။

လူမှုကွန်ရက်မှာတော့ မီးကျွမ်းပြီး ကိုယ်ထည်တစ်ခုလုံးနီးပါး ပြာကျ ပျက်စီးနေတဲ့ မော်တော်ဘုတ် တချို့ရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ