Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းပိုင်း ပြန်ဖွင့်

စစ်ကိုင်းတိုင်းအတွင်းမှာ ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဒီကနေ့ (ဇန်နဝါရီ ၇ရက်)မှာ ပြန်ဖွင့်လိုက်ကြောင်း သတင်းရရှိပါတယ်။

ရွှေဘို-မန္တလေးလမ်းတနေရာကို ဝေဟင်မှ တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၇၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဒီကနေ့ (ဇန်နဝါရီ ၇ရက်)မှာ ပြန်ဖွင့်လိုက်ကြောင်း သတင်းရရှိပါတယ်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ နယ်မြေစစ်ရေးအခြေနေအရ ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း (အုန်းတော-ရွှေဘိုလမ်းပိုင်း)ကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်ကစပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ပုံမှန်သွားလာအသုံးပြုလို့ရပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာကတည်းက စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဖြတ်သန်းသွားလာလို့ မရခဲ့တာပါ။

Public Service Announcement

Public Service Announcement

လမ်းပိုင်းပြန်ဖွင့်လိုက်တယ်ဆိုပေမဲ့ ဖြတ်သန်းသွားလာတာတွေ နည်းပါးနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လမ်းဘေးကရွာတွေလည်း ခုထိ ပြန်မဝင်ရသေးဘူး။ မနက်ကထိ အဲ့ဘက်ကားအသွားအလာမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လမ်းပိုင်းအချို့နေရာတွေမှာလည်း စစ်ကောင်စီတပ်စွဲထားတာတွေရှိတဲ့အတွက် သတိပြုသွားလာကြဖို့ ဒေသခံတွေက သတိပေးပါတယ်။

ရွှေဘို-မန္တလေးလမ်းပိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို သွားလာရာမှာ အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ