Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မြင်းခြံခရိုင်တပ်ရင်း-၁

ဇန်နဝါရီ-၈၊ ၂၀၂၆။ အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။

ညောင်ပင်သာကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ၂ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးများတယ်လို့မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၈ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ အမှတ် (၂)တပ်ရင်း၊အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၉၉၂၄) တပ်ဖွဲ့ နဲ့ မြင်းခြံခရိုင် ပ.က.ဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်ထဲက မြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီစခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် နယ်မြေစိုးမိုးမှုပိုမိုရရှိခဲ့တယ်လို့ မြင်းခြံခရိုင်ကPDFတပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ