Connect with us

Hi, what are you looking for?

သတင်း

ကမ်းဖြူရွာတိုက်ပွဲ တော်လှန်ရေးရဲဘော်၂ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်၂ဦး ကျဆုံးပြီး စစ်တပ်ကလည်း ထိခိုက်မှုရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၈၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်၂ဦး ကျဆုံးပြီး စစ်တပ်ကလည်း ထိခိုက်မှုရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ရက် မနက်ပိုင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ကမ်းဖြူကျေးရွာရဲ့အနောက်ဘက်မှာ ရှိမ်းမကားရဲစခန်းကထွက်လာတဲ့ စစ်‌‌တပ်နဲ့ မတ္တရာမြို့နယ် ပကဖ ၊ရွှေဘိုခရိုင် တပ်ရင်း(၁၈) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ မတ္တရာမြို့နယ်ပကဖ ရဲဘော် ၂ဦးကျဆုံးပြီး ပျောက်ဆုံးရဲဘော်တချို့လည်းရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့ တွေက မထုတ်ပြန်သေးပါဘူး။

တိုက်ပွဲဖြစ်ပြီး နေ့လည်ပိုင်းမှာ စစ်တပ်က ကမ်းဖြူကျေးရွာကတဆင့် ပြည်သူတွေရဲ့ စက်လှေတွေယူကာ မြစ်အရှေ့ဘက်ရှိ စဉ့်ကူးမြို့နယ်၊ကြက်တူရွေးရွာက စစ်တပ်ထံ တိုက်ပွဲအတွင်းဒဏ်ရာရစစ်သားတွေပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိလည်း စစ်တပ်က ကမ်းဖြူရွာမှာဘဲ တပ်စွဲနေကာ အဲဒီမြောက်ဘက် (၇)မိုင်ခန့်အကွာ သစ်ဆိမ့်ကျေးရွာအနီးမှာလည်း ကျောက်မြောင်းကထွက်လာတဲ့ အင်အား၂၀၀ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ