ဇန်နဝါရီ-၈၊ ၂၀၂၆။ ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်း၂ကြောင်းနဲ့ထိုးနေပြီး ဒီကနေ့(ဝဇန်နဝါရီ ၈ရက်)က သစ်ဆိမ့်ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ဝက်လက်မြို့နယ်၊အရှေ့ခြမ်းကို ကျောက် မြောင်းတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား၂၀၀ခန့်နဲ့ တော်လှန်ရေးတပ်တွေ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် နံနက် ၁၁နာရီ၂၄မိနစ်က နေ့လည် ၁၂နာရီ ၄၇မိနစ်အထိ သစ်ဆိမ့်ရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“လူတွေ တော့မထိလောက်ဘူး။လူတွေက ပြေးနေကြတာကြာပြီ။ရွာထဲတော့ မီးခိုး တွေမြင်ရတယ်။ရွာထဲကျပြီး နေအိမ်တွေ လောင်တဲ့ပုံပဲ”လို့ ဒေသခံတဦး က ပြောပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကမ်းဖြူရွာမှာလည်း ရှိမ်းမကားရဲစခန်းကထွက်လာတဲ့ စစ်အင်အား၁၅၀ခန့်ရှိပြီး ဇန်နဝါရီလ၆ရက် နေ့ကထိ တွေ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်းမှာလည်း ကျောက်မြောင်းတပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုပါပြုလုပ် နေတာပါ။
ဒီတိုက်ပွဲတွေကြောင့် ရွာသစ်၊မင်းရွာတောင်၊ရွာသာ၊ကမ်းဖြူ၊မှော်ဦး၊ရေလည် မော်၊ရှားကွဲ၊ထုံးဘို၊သစ်ဆိမ့်၊သရက်တပင်ရွာ တွေအပါအဝင် ကျေးရွာပေါင်း ၂၀လောက်ကပြည်သူ တွေတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။


















































