Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခရိုင်စီမံချက်ဆိုပြီး စစ်ကိုင်းမှာ ပေါ်တာဆွဲ

စစ်ကိုင်းမြို့မှာ စစ်ကောင်စီရဲ့ ခရိုင်စီမံချက်ဆိုပြီး ပေါ်တာဆွဲဖမ်းဆီးနေတာမို့ ကုန်ကားတွေစစ်ကိုင်းတံတားမရောက်ခင် လှည့်ပြန်ခဲ့ရတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

ရတနာပုံတံတားနဲ့ မန္တလေးအဝင် နှာပေါက်ဘက်မှာ စစ်ကောင်စီရဲတွေက ၂၀၂၄ ဒီဇင်ဘာမှာ စစ်ဆေးနေစဥ်။ ဓါတ်ပုံ- CJ

ဇန်နဝါရီ-၈၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းမြို့မှာ စစ်ကောင်စီရဲ့ ခရိုင်စီမံချက်ဆိုပြီး ပေါ်တာဆွဲဖမ်းဆီးနေတာမို့ ကုန်ကားတွေစစ်ကိုင်းတံတားမရောက်ခင် လှည့်ပြန်ခဲ့ရတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်မနေ့က မနက်၅နာရီ လောက်ကစပြီး စစ်ကိုင်းမြို့တွင်းနဲ့ စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲနေတာလို့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။

“စစ်ကိုင်းတံတား၉ပေ ဂိတ်က နေစဆွဲတယ်။တမြို့လုံးပတ်ဆွဲနေတာပါ။ခရိုင်စီမံချက်လို့ ပြောပါတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုန်ကားမောင်းသူတဦး ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း နေ့စဉ် ပေါ်တာဆွဲနေပြီး မ နေ့ကတော့ ရှောင်ကွင်းလမ်းမရှိအောင် ပျူစောထီးနဲ့ စစ်တပ်က အင်အားသုံးပြီး စစ်ကိုင်းမြို့အထွက်အထိ တမြို့လုံး ပေါ်တာဆွဲ နေတာလို့ သိရပါတယ်။

“ကုန်ကားသမားတွေ အကုန်သတိထားကြပါ။အခုနောက်ပိုင်း စပါယ်ယာကို မိန်းမပဲထားသင့်တယ်။ယောကျာ်း ဆို အကုန်ဆွဲချပါတယ်။ယာဉ် မောင်းပဲချန်တယ်”လို့ နောက်ထပ်ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ပေါ်တာဆွဲခံရသူတွေကို တပ်မ(၃၃)ထဲခေါ်သလို ဘုန်းကြီးတစ်ပါးဦးစီးတဲ့ ပျူစောထီးအဖွဲ့က ခေါ်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၂၂)ကိုရောက်လာပြီး စစ်တပ်က မန္တလေးမြို့ပြင်နဲ့ စစ်ကိုင်းမြို့တို့မှာ ဆက်တိုက် ပေါ်တာတွေဆွဲနေတာပါ။

ဆက်စပ်သတင်းများ