Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်ပြိုင်သူကိုယ်စားလှယ်လောင်းတစ်ဦး ထောင်တစ်နှစ်ချခံရ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲပြီး ဒီနေ့ (ဇန်နဝါရီ ၈ ရက် )မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ချလိုက် တယ််လို့သိရပါတယ်။

ဓာတ်ပုံ - ဦးလွင်မြင့်/FB

ဇန်နဝါရီ – ၈ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲပြီး ဒီနေ့ (ဇန်နဝါရီ ၈ ရက် )မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ချလိုက် တယ််လို့သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးလွင်မြင့်ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးဆိုင်ရာနည်းဥပဒေကို ချိုးဖောက် တယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၈ရက်က တရားရုံးမှာ တရားစွဲဆိုခံရတာပါ။

တရားစွဲဆိုပြီး သုံးပတ်အကြာ ဒီနေ့မှာ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အမိန့်ချတာ မြန်တယ်လို့ပြောရမယ်၊ဖိအားတွေလည်းရှိမှာပေါ့”လို့ ပြည်သူ့ပါတီဝင်တစ်ဦးကပြောပါတယ်။

ပြည်သူ့ပါတီကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး တည်ထောင်ထားတာပါ။

ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ သူရဲ့သားဖြစ်သူက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ပါဝင် တာကို ပြောဆိုမဲဆွယ် ခဲ့တယ်ဆိုပြီးအရေးယူဖို့ လှုံ့ဆော်ခံရတာပါ။

ပြည်သူ့ပါတီရဲ့ Tiktok အကောင့်ခ်မှာတင်ထားတဲ့ ဦးလွင်မြင်ရဲ့ မဲဆွယ် ရုပ်သံမှာ သူရဲ့အဖေ ၊ သူ့ကိုယ်တိုင်နဲ့ သူ့ရဲ့သား အပါအဝင် မျိုးဆက် သုံးဆက် ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးပြည်သူ့အတွက် ထောင်ပဲကျကျ လုပ်ကိုင်ဆောင်ရွက်သူတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချရမယ်လို့ဦးလွင်မြင့်က ပြောဆိုမဲဆွယ်ထားတာပါ။

သူ့ရဲ့ ဖခင်ဟာ တစ်ပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဆန့်ကျင်လို့ကိုကိုးကျွန်းမှာ အကျဉ်းကျခဲ့သူဖြစ်တယ်လို့ ဦးလွင်မြင့်ပြောပါတယ်။

သူ့ကိုယ်တိုင်ကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ အင်းစိန်ထောင် ၊ သရက်အကျဉ်းထောင်တွေမှာ ကျခံခဲ့ရသလို ၊ သားဖြစ်သူကလည်း “၂၀၂၁ တော်လှန်ရေး” မှာ ထောင်ကျပြီးပြီးခဲ့တဲ့ လပိုင်းကမှ ပြန်လွတ်လာတာလို့ ဦးလွင်မြင့်က မဲဆွယ်ရုပ်သံမှာ ဆိုထားပါတယ်။

ဦးလွင်မြင့် ရဲ့ မဲဆွယ်ရုပ်သံထဲမှာ “တော်လှန်ရေး” ဆိုတဲ့ ဝေါဟာရ ကိုသုံးစွဲတာက အကြမ်းဖက်အားပေး တာဖြစ်တယ်ဆိုပြီး အရေးယူဖို့ လှုံ့ဆော်ခံခဲ့ရတာပါ။

လွှတ်တော်ကိုယ်စားလောင်း ဦးလွင်မြင့်ဟာအကြမ်းဖက်အားပေးဖြစ်တယ်ဆိုပြီး အရေးယူဖို့သတင်းဌာနအမည်ခံ ဝါဒဖြန့် ချန်နယ် Myanmar National Postက နိုဝင်ဘာလ ၁၃ ရက်မှာစတင်လှုံ့ဆော်တာပါ။

Myanmar National Post ကို အမျိုးသားရေး သမား လည်းဖြစ် ၊ စစ်အာဏာသိမ်းမှုကိုထောက်ခံသူနောင်တော်လေးက တည်ထောင်ထားပါတယ်။

တရားမစွဲခင် ဒီဇင်ဘာလ ၁၇ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ ရဲတပ်ဖွဲ့က ဦးလွင်မြင့် ကို နေအိမ်မှာလာရောက် ခေါ်ဆောင်သွားပြီး မြို့နယ်ရဲစခန်းမှာ စစ်ဆေးကာ နောက်နေ့ မနက် ၁ နာရီမှာ အိမ်ကို ပြန်ပို့ခဲ့တာပါ။

ဦးလွင်မြင့်ကို ရဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေး ၊ ပတ်သက်ဆက်နွယ်တာရှိ ၊မရှိကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး ဖုန်းကိုလည်း CID ဆီ ပေးပို့စစ်ဆေးဖို့အတွက် သိမ်းယူထားခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေ ဖူးပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၁၈ ရက်မှာတော့ သင်္ဃန်းကျွန်း မြို့နယ် တရား ရုံးမှာ ရဲက ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၈(ဂ)နဲ့တရားစွဲလိုက်ပါတယ်။

ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ကတော့ ‘’နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာစည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း’’ လို့ ပြဌာန်း ထားတာပါ။

တရားစွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို အာမခံနဲ့ လွှတ်ပေးဖို့အတွက် အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးက အာမခံပေးထားတယ်လို့ ဝါဒဖြန့် ချန်နယ်တွေက ဖြန့်ဝေထားခဲ့ပါတယ်။

ဦးလွင်မြင့် ဝင်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်ဟာ စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက် ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းနေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် သုံးဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်းကိုးဦး ဝင်ပြိုင်ကြပါတယ်။

ဆက်စပ်သတင်းများ