Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ရာ ၂ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့သိမ်းရ

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် ကို တစ်ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ ၂ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအချို့ပါသိမ်းရခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သိမ်းရခဲ့တဲ့ သေနတ်နဲ့ခဲယမ်းအချို့။ ဓာတ်ပုံ-MBT

ဇန်နဝါရီ-၇၊၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် ကို တစ်ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ ၂ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအချို့ပါသိမ်းရခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက် မနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ရွှေညောင်ပင်ဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဝင် ၁၀ဦးသေဆုံးခဲ့ပြီး ၂ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

“လာပြီး စစ်ကူပေးတဲ့ စကစတပ်ကိုလည်း ကြားဖြတ်တိုက်နိုင်ခဲ့တယ်။ ခဲယမ်းမပြည့်စုံလို့ ပြန်ဆုတ်ခဲ့ရတဲ့အနေအထားရှိတယ်။ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးထား​တာရှိပါတယ်။”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့ ည ၈ နာရီခန့်ကလည်း မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်တဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃ဦးသေဆုံးကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့အ​ပြင် စစ်အုပ်စုဝင်တွေ ကိုင်ဆောင်လာတဲ့ MA1 သေနတ် ၁လက်နဲ့ ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးပါတယ်။

“၃ယောက်သေတယ်။ တစ်ယောက်ကတော့ တဲကုန်းရွာနားသွားသေတယ်။ တစ်ယောက်ကတော့ ဘော်ဒီကော သူ့ဆီက MA1၊ ကျည်အချို့နဲ့ အီနာဂါ၊ ဖုန်းတစ်လုံး သိမ်းဆည်းရမိတယ်။”လို့ MBTတပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မနက်ပိုင်းက စစ်ဆင်ရေးကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့ Onemore စစ်ကြောင်း၊မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊မိုရှည်ဒါးယမ်းအဖွဲ့၊YLKတပ်ဖွဲ့၊အမေ့လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ညပိုင်း စစ်ဆင်ရေးကိုတော့ Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့ MGN အညာသားပြောက်ကျားတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Myingyan Black Tiger (MBT)တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်းကလည်း နွားကြီးမြို့နယ်၊ ကုန်းရွာ၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ၊ ကူကုန်းရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ