Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူ‌ဒေသခံအမျိုးသမီး၃ဦးကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်အ​လောင်း​ဖျောက်ထားတာကို ရှာ​တွေ့

ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က မိန်းကလေးငယ် ၁ ဦးအပါအဝင်ဒေသခံ အမျိုးသမီး ၃ ဦးကိုဖမ်းဆီးသတ်ဖြတ်အ​လောင်း​​ဖျောက်ထားတာမှာ​ ​သေဆုံးသူ​တွေရဲ့အရိုးစုတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေကပြောပါတယ်။

​ကျောက်ဖြူမှ ​ဒေသခံအမျိုးသမီး ၃ ဦးကို အမှတ်(၃၂)လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ ကထွက်လာတဲ့စစ်​ကြောင်းက ဖမ်းဆီးသတ်ဖြတ်အ​လောင်း​ဖျောက်ခဲ့တာဖြစ်ပါတယ်။ဓါတ်ပုံ-CJ

ဇန်နဝါရီ-၈၊၂၀၂၅။အိမ်သွင်/People’s Spring

ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က မိန်းကလေးငယ် ၁ ဦးအပါအဝင်ဒေသခံ အမျိုးသမီး ၃ ဦးကိုဖမ်းဆီးသတ်ဖြတ်အ​လောင်း​​ဖျောက်ထားတာမှာ​ ​သေဆုံးသူ​တွေရဲ့အရိုးစုတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေကပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊အုန်းတောကျေးရွာက အမျိုးသမီးသုံးဦးကို၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှာ စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“ ကျတော်တို့ ပြန်ကြားရသလောက်က ဒေသခံတွေက စစ်‌တပ်စစ်ကြောင်းနဲ့လွတ်အောင် တောလမ်းကတဆင့် တောင်ယာခင်းကို သွားတာ။ အဲ့ဒီမှာ အဖမ်းခံရတာ။ ၅ယောက်သွားတာကို ၂ယောက် ပြန်လွှတ်လိုက်တယ်။၃ယောက်ကအခုမှရုပ်အလောင်းပြန်ရတယ်။အရိုးစုတွေရတာ” လို့ကျောက်ဖြူဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းတွေကို ဇန်နဝါရီလ၂ ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးအသတ်ခံရတဲ့ အမျိုးသမီးတွေကအသက်(၅၅)နှစ်အရွယ် ဒေါ်လှသိန်းရွှေ၊ သမီးဖြစ်သူမအေးအေးသိန်း (၃၁) နှစ်နဲ့ တူမတော်စပ်တဲ့မပြည့်စုံဝင်း (၁၃) နှစ်တို့ဖြစ်တယ်လို့ဒေသခံတွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။

အမှတ် (၃၂) ရဲတပ်ရင်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်ပြီး ရုပ်အလောင်းသုံးခုစလုံးကို ကျောက်ဖြူတောင်အနီးတောစပ်ကမြေကြီးထဲမှာမြုပ်ထားတာကိုဒေသခံတွေကရှာဖွေတွေ့ရှိခဲ့တာလို့သိရပါတယ်။

ကျောက်ဖြူတောင်အနီးက စစ်တပ်စခန်းတချို့ကို ဒီဇင်ဘာလနှောင်းပိုင်းကတိုက်ပွဲတွေမှာ AAက သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

“ တပ်တော်က နယ်မြေစိုးမိုးမှုယူထားနိုင်တဲ့အခြေအနေမှာပျောက်နေတဲ့သူတွေကိုလိုက်ရှာတာ။ သေဆုံးတဲ့သူတွေကိုအတည်ပြုနိုင်တယ်။ အလောင်းတွေကိုစစ်ဆေးဖို့လည်းလုပ်နေကြတယ်လို့ ကြားတယ်” လို့ AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ရဲတပ်ရင်း(၃၂)အပါအဝင် စစ်တပ်တပ်စွဲထားတဲ့နေရာတချို့ကိုAAကတိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေပြင်းထန်နေစဉ်မှာ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ AAက သတိပေးချက်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း ပေါက်တောမြို့ ဆက်တက်မော်ရွာက အမျိုးသား ၂၈ဦးဟာ ပင်လယ်ပြင်မှာ စက်လှေသုံးစီးနဲ့ ငါးဖမ်းနေစဉ် စစ်​ကောင်စီရေတပ်က ဖမ်းဆီးသွားပြီး ဒီနေ့အထိအဆက်အသွယ်ပြတ်တောက်နေပါတယ်။

ဆက်စပ်သတင်းများ