Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြန်တောင်းနေတဲ့ မြို့နယ်တွေကိုထည့်သွင်းပြီး ကိုးကန့်အထူးဒေသ(၁)အဖြစ် MNDAAဖွဲ့စည်း

စစ်ကောင်စီက တရုတ်အကူအညီနဲ့ပြန်လည်တောင်းနေတဲ့ သိန္နီနဲ့ ကွတ်ခိုင်မြို့အပါအဝင် ကိုးကန့်တပ်မတော်(MNDAA)က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် ၄ခု၊ မြို့တော် ၁ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ကြေညာပါတယ်။

သိန္နီမြို့နယ်မှ MNDAA မှတာဝန်ရှိသူ​တွေနဲ့ အုပ်ချုပ်​ရေးပိုင်းကတာဝန်ရှိသူ​တွေ ဇန်နဝါရီလဆန်းကအစည်းအ​ဝေးပြုလုပ်စဥ်။ ဓါတ်ပုံ-The Kokang

ဇန်နဝါရီ-၈၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကောင်စီက တရုတ်အကူအညီနဲ့ပြန်လည်တောင်းနေတဲ့ သိန္နီနဲ့ ကွတ်ခိုင်မြို့အပါအဝင် ကိုးကန့်တပ်မတော်(MNDAA)က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် ၄ခု၊ မြို့တော် ၁ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ကြေညာပါတယ်။

ကိုးကန့် အထူးဒေသနယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ ကိုးကန့်ဒေသနဲ့ မုံးကိုးခရိုင်ရဲ့ သမိုင်းဝင်နယ်မြေတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဇန်နဝါရီ ၆ရက်ကထုတ်ပြန်တဲ့ ကိုးကန့်အထူးဒေသကို ပြင်ဆင် ဖွဲ့စည်းကြောင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိန္နီနဲ့ကွတ်ခိုင်မြို့တွေပါ ဆက်တိုက်လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး “ ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁) သည် ခရိုင် (၄) ခု၊ မြို့တော် (၁) ခုပါဝင်သော ဖွဲ့စည်းပုံဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်သို့ ခြေလှမ်းစတင်နိုင်ခဲ့ပြီ” လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီက သိန္နီကို တော်တော်လေးသဘော

ထားတင်းတင်းမာမာနဲ့ပြန်တောင်းနေတာ။ အခုလို ကြေညာလိုက်တာက စစ်ကောင်စီ ကြိုမတွေးထားတဲ့အပိုင်းဖြစ်မယ်။ သူက တရုတ်အားကိုးနဲ့ကစားသလို ကိုးကန့်ကလည်း ပြန်ကစားထားတာ” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်များ လုံးဝကင်းစင်သွားပြီဖြစ်သည့် ကိုးကန့်ဒေသကို အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄)ခု၊ မြို့တော် (၁)ခုအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်အထူး ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၅ ရက်ကိုလည်း ကိုးကန့်ဒေသရဲ့ ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA တရားဝင်သတ်မှတ်လိုက်ကြောင်း အသိပေးထားပါတယ်။

” ဇန်နဝါရီလ ၅ ရက်ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ်သတ်မှတ်ပြီးပျော်ပွဲ ရွှင်ပွဲတွေလုပ်ပေးတယ်။ အုပ်ချုပ်ရေးပိုင်းကိုသူတို့တော်တော်လေးအားထည့်နေတယ်” လို့ ကွတ်ခိုင်မြို့ခံတစ်ဦးကပြောပါတယ်။

MNDAAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)နဲ့ တအာင်းတပ်မတော်(TNLA)တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။

သိမ်းယူထားတဲ့ မြို့ တွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေစဉ် တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေပေမယ့် MNDAAက သိန္နီမြို့အုပ်ချုပ်ရေးပိုင်းနဲ့ဖွံ့ဖြိုးရေးပိုင်းကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပါတယ်။

နှစ်ဘက်ဆက်ဆံရေးတင်းမာနေချိန်မှာ စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့ MNDAA က ၂၀၂၅ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅နိုဝင်ဘာလ ၁၁ရက်က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာဆိုရင် သိန္နီမြို့ကိုပြန်ပေးဖို့၊ လားရှိုးမြို့ပတ်ဝန်းကျင်က MNDAAစခန်းတွေ ဆုတ်ခွာပေးဖို့

စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက တောင်းဆိုခဲ့လို့ ဆွေးနွေးပဲပျက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း MNDAAက အင်အားတိုးချထားခဲ့သလို ပြည်ထောင်စုလမ်းမပေါ်က သီပေါတံတားကိုလည်း စစ်ကောင်စီနဲ့ MNDAAက သဲအိတ်တွေနဲ့ အပြန်အလှန်ပိတ်ခဲ့ကြပါတယ်။ ယခုရက်ပိုင်း တံတားပြန်ဖွင့်လိုက်ပေမယ့် နှစ်ဖက်စလုံးကစစ်ဆေးမှုတွေတင်းကြပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ