Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၄ဦးရှိ

ချင်းပြည်နယ် ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က ထွက်ပြေးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၁၄ဦး ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ သိမ်ူရတဲ့ စစ်ကောင်စီရဲ့ လက်နက်တွေ။ ဓာတ်ပုံ - VOC

ဇန်နဝါရီ ၉၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က ထွက်ပြေးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၁၄ဦး ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလဆန်းကနေ ဖလမ်းပြန်ရဖို့ ကလေး-သိုင်းငင်းဘက် စစ်ကြောင်းထိုးနေသလို ဖလမ်းမြို့နယ် ဝေဘူလဘက်ကလည်း စစ်ကြောင်းထိုးနေလို့ ချင်းညီနောင်၊ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဖလမ်းမြို့တိုက်ပွဲမှာ စစ်သုံ့ပန်းတွေ ဖမ်းရတာအပြင် အလင်းဝင်လာသူတွေလည်း ရှိကြောင်း ဆလိုင်းတင်မီက ဇန်နဝါရီ ၈ရက်မှာ ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့အထိတော့ စစ်သုံ့ပန်းက ၁၂ယောက်ရှိပြီ ။ ဒါပေမဲ့ သူတို့ဟာ သူတို့ ပြေးတဲ့ဟာ ကျနော်တို့ဆီမှာ အလင်းဝင်တယ်လို့ပဲ ပြောရမှာပေါ့ အဲဒါက ၁၄ယောက်လောက်ရှိပါပြီ။ နောက်ပြီးတော့ တချို့ကကျနော်တို့ဆီမှာ မရောက်ဘဲနဲ့ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ဆီမှာ အလင်းဝင်တာတော့ မဟုတ်ဘူး။ အဲဒီ စစ်ကြောင်းကနေ ထွက်ပြေးပြီးတော့ လွတ်မြောက်ရာကို ပြေးတဲ့သူတွေလည်းရှိတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းနဲ့ နယ်မြေခြင်းဆက်စပ်နေတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းမိတာတွေရှိပါတယ်။ ချင်းညီနောင် အဖွဲ့ဝင် PDF ဇိုလဲန်း နဲ့ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF CDM စီးယင်း ပူးပေါင်းတပ်က ဇန်နဝါရီ ၄ရက်မှာ ကနေဒီတောင် စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး ဝန်းကျင် ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ ကနေဒီတောင်စခန်းမှာ အင်အား ၆၀ကျော်တပ်စွဲထားတာဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာ ၂၆ရက်ကနေ ဇန်နဝါရီ ၄ရက်နေ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ ၂၀ဦးခန့် ဖမ်းမိထားလို့ ကျန်တဲ့ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတာဖြစ်ပါတယ်။

အဲဒီဒေသကို ချင်းပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေဆဲပါ။

လက်နက်ချ အဖမ်းခံတာ၊ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ထားရှိကြောင်းလည်း PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က သတင်းစကား ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ